"အမုန်းမပွားပဲ ခွင့်လွှတ်ခြင်းကနေ သင် ရရှိခံစားနိုင်တဲ့ အကျိုးကျေးဇူး (၇) မျိုး"
လူကိုအဆိပ်သင့်စေတဲ့ အချို့သော ခံစားချက်တွေဟာ အဆုံးသတ် ကိုယ်တိုင်နာကျင်ဖို့သာ ဖြစ်လာတတ်ပါတယ်။ ဒီတော့ အဲ့ဒီခံစားချက်တွေကို ဘာ့ကြောင့်များ မစွန့်ပစ်နိုင်ရမှာလဲ။ ဒီခံစားချက်တွေဟာ လူကို စိတ်ဖိစီးမှုလည်း ဖြစ်ပေါ်စေနိုင်တဲ့အပြင် ကိုယ့်ရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေတာကြောင့်ပါ။ ဒီတော့ တစ်ပါးသူကို မုန်းနေမယ်၊ စိတ်ထဲဒေါသဖြစ် တင်းခံနေမယ့်အစား ခွင့်လွှတ်လိုက်ခြင်းက ဟော့ဒီအကျိုးကျေးဇူးလေးတွေ ခံစားနိုင်ပါတယ်တဲ့။
၁။ ကျန်းမာရေးအတွက် ကောင်းစေပါတယ်။
ဒေါသကို ရှည်ကြာစွာ ထိန်းထားမယ်ဆိုရင် ပထမဆုံး သင့်ရုပ်ကျစေပါတယ်။ အတွင်းစိတ်က ဒေါသဖြစ်နေတော့ မျက်နှာကိုပါ အိုမင်းလွယ်စေတာပေါ့။ ဒီစိတ်ကြောင့် ဖိစီးမှုတွေနဲ့ နပန်းလုံးနေရပြီး နှလုံးရောဂါအထိ ဖြစ်စေတတ်ပါတယ်။
၂။အလုပ်တွေကို ပိုအာရုံစိုက်လာနိုင်မယ်၊ နေ့စဉ်ဘ၀မှာ ပိုအဆင်ပြေလာမယ်။
သင့်ကျောပေါ်က လေးလံနေတဲ့ အရာတွေကို ပစ်ချခဲ့လိုက်ပြီး ဘ၀အတွက် အရေးပါတဲ့ အခြားအရာတွေကို ပိုအလေးပေး အာရုံစိုက်လိုက်ပါ။ ဒါဆို ပိုစားကောင်း အိပ်ပျော်လာပါလိမ့်မယ်။
၃။ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်ရာလည်း ရောက်ပါတယ်။
လူတွေကို မုန်းနေဖို့ အချိန်မရှိပဲ လုပ်စရာရှိတာတွေကို လုပ်နေတယ်ဆိုတာ ကိုယ့်တန်းဖိုးကို ကိုယ်မြှင့်တင်လိုက်တဲ့ သဘောပါပဲ။ နောက်တစ်ချက်က မုန်းနေဖို့ အချိန်မရှိဘူးဆိုတာလည်း ပြသရာရောက်ပါတယ်။ မေ့ပစ်လိုက်တာ သင့်အတွက် အကောင်းဆုံးပါ။
၎။သင့်ရဲ့ စွမ်းအား၊ အားသာချက်ကိုလည်း ပြသရာရောက်ပါတယ်။
လူတစ်ယောက်ကို ခွင့်လွှတ်လိုက်နိုင်တယ်ဆိုတာ သင့်ရဲ့အားနည်ချက်မဟုတ်ပါဘူး။ ဒါ အားသာချက်ပါ။ သင့်ရဲ့အားသာချက်ကို ဘာလို့ ထုတ်မပြနိုင်ရမှာလဲ။
၅၊သင့်အချစ်ရေးကိုလည်း ပိုတိုးတက်စေပါတယ်။
ကိုယ့်ချစ်သူကို ခွင့်မလွှတ်နိုင်လို့ သင့်စိတ်ထဲ နာကျင်မှုလေးတွေ နည်းနည်းချင်းစီ စုထားသလို ဖြစ်နေတယ်ဆိုရင် သူ့ကို မမုန်းနိုင်တဲ့အတွက် ခွင့်လွှတ်လိုက်တာ အကောင်းဆုံးပါ။ ဒါပေမယ့် သူနားလည်အောင်တော့ သင် ဘာ့ကြောင့် ခွင့်လွှတ်ပေးလိုက်တယ်ဆိုတာ ပြောပြပေးလိုက်ပေါ့။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လေးစားမှုလေးနဲ့ ရှေ့ဆက်ဖို့လည်း လိုပါတယ်။
၆။ခွင့်လွှတ်တတ်ခြင်းဟာ သင့်အလုပ်မှာ သင်အောင်မြင်မှုပိုရအောင် ကူညီပေးပါတယ်။
အလုပ်မှာ မုန်းတီးစရာ၊ ဒေါသဖြစ်စရာတွေဖြစ်နေရင် အလုပ်လုပ်ရာမှာ စိတ်အနှောင့်အယှက်ဖြစ်ရတာ မှန်ပါတယ်။ ဒါကို စိတ်ထဲ တစ်ချိန်လုံးထားနေရင် အလုပ်ကို အာရုံမစိုက်နိုင်ပဲ ကိုယ်နဲ့အဆင်မပြေတဲ့လူကိုပဲ တစ်ချိန်လုံး အာရုံစိုက်မိနေမှာပါ။ ဒီလို အဖြစ်မခံပါနဲ့။ ခွင့်လွှတ်လိုက်ပါ။ ဒါဆို သင်အလုပ်မှာ ပိုအဆင်ပြေ အောင်မြင်လာဖို့သာ ရှိပါတယ်။
၇။စိတ်ခံစားချက်ပိုင်း ပိုမို ထိန်းချုပ်ကွပ်ကဲလာနိုင်ပါတယ်။
ကိုယ့်ရင်ထဲက ခံစားချက်တွေကို မပေါက်ကွဲအောင် ထိန်းချုပ်ပြီး အသက်ပြင်းပြင်းသာ ရှုလိုက်ပါ။ ၀င်လေထွက်လေကို ဖြေညှင်းစွာ ၁ ကနေ ၁၀ အထိ ရေတွက်ပြီး ရှုသွင်းလိုက်ပါ။ ဒါဆို သင့်ဒေါသတွေ သက်သာသွားပါလိမ့်မယ်။ အဲ့ဒီကနေမှ ဒီအရာတွေဆီကို ငါမသွားတော့ဘူး၊ ဒီအရာတွေကို အတိတ်မှာ ထားခဲ့တော့မယ် ဆိုပြီးတော့ သက်သာအောင် တွေးပါ၊ ခွင့်လွှတ်ကြည့်လိုက်ပါ။ သင်ပျော်ရွှင်ရပါလိမ့်မယ်။
မေသော်
Credit: Trend Myanmar
Monday, July 6, 2015
"အမုန်းမပွားပဲ ခွင့်လွှတ်ခြင်းကနေ သင် ရရှိခံစားနိုင်တဲ့ အကျိုးကျေးဇူး (၇) မျိုး"
Labels:
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment