Monday, July 6, 2015

"ပျင်းရိခြင်းကို အောင်မြင်ကျော်လွှားနိုင်မယ့် နည်းလမ်းများ"


"ပျင်းရိခြင်းကို အောင်မြင်ကျော်လွှားနိုင်မယ့် နည်းလမ်းများ"

ကျွန်ုပ်တို့ ခုနထိုင်နေတာ ရွေးချယ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်ပါတယ်။ ရွေးချယ်စရာတွေက တကယ်ကို များပြားလွန်းနေတာပါ။ ဒါပေမယ့် အဲ့ဒီလို များပြားလွန်းတာက လူတွေကြား အထူးသဖြင့် လူငယ်တွေကြား စိတ်ဓာတ်ကျဆင်းမှုတစ်ခု ဖြစ်စေခဲ့တာပါပဲ။

“ပျင်းလိုက်တာ”  ဆိုတဲ့ စကားက ထပ်ခါတစ်လဲလဲ ပြောတတ်တဲ့ စကားတစ်ခွန်း ဖြစ်လာပါတယ်။ သင်ဟာ အဲဒီစကားပြောသူတွေထဲ တစ်ယောက် အပါအဝင်ဖြစ်ရင် အောက်ပါ အချက်တွေကို စမ်းပြီး လုပ်ကြည့်လိုက်ပါ။

မိမိပျင်းရိငြီးငွေ့မှုကို လက်ခံလိုက်ပါ။ အဲဒီအစား ဘာမှ မလုပ်ပါနဲ့။ ငြိမ်ငြိမ်လေးသာ နေလိုက်ပါ။ နောက်ဆုံးမှာ တစ်ခုခု ထလုပ်ဖို့ အကြံရလာပါလိမ့်မယ်။ နဂိုထက် စိတ်ဓာတ်တက်ကြွမှု ပိုရရှိကောင်း ရရှိနိုင်ပါတယ်။

အောင်မြင်သော သူတွေကြား နေထိုင်ပါ။ ခေါင်းရှောင်တတ်သူတွေနဲ့ ဝေးဝေးနေပါ။ အကျိုးမဲ့ အကြောင်းမဲ့လုပ်တတ်တဲ့ လူတွေကို ဆက်လက်တိုက်တွန်း အားပေးနေပါက မဆုံးနိုင်တဲ့ ပျင်းရိငြီးငွေ့မှုတွင်းထဲ သင် ဘယ်တော့မှ လွတ်မြောက်လိမ့်မှာ မဟုတ်ပါဘူး။

အပျင်းပြေစေဖို့ စာဖတ်မယ် ရွေးချယ်လိုက်တယ်ဆိုရင် ပျင်းရိခြင်းကို တန်ပြန်တုံ့ပြန်ဖို့ စာရေးခြင်းစတဲ့ အလုပ်တစ်ခုခုနဲ့ တွဲလုပ်ပါ။

စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်ပါစေ။ ဘဝကို အချိန်ဇယား သတ်မှတ်ပြီး ပုံစံတစ်မျိုးတည်း မနေထိုင်ပါနဲ့။

သူငယ်ချင်းဟောင်း တစ်ယောက်ယောက်နဲ့ အဆက်အသွယ်လုပ်ပါ။ မေ့ပျောက်ထားတဲ့ အတွေးအမြင်တစ်ချို့ ပြန်လည် အမှတ်ရလာကာ လက်ရှိဘဝမှာ သင့်ကို စိတ်ဓာတ်တက်ကြွစေမှာ အမှန်ပင်ဖြစ်ပါတယ်။


Ref: Indiatimes

Credit: Trend Myanmar

No comments:

Post a Comment