Wednesday, July 8, 2015

"အမျိုးသမီးတွေအနေနဲ့ ဒီအချက်တွေနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့စကား မဆိုသင့်"


"အမျိုးသမီးတွေအနေနဲ့ ဒီအချက်တွေနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့စကား မဆိုသင့်"

အမျိုးသမီးတွေအနေနဲ့ တစ်ခါတစ်လေ ကိုယ်မှန်နေရင်တောင် အားနာတဲ့စိတ်နဲ့ တောင်းပန်ပါတယ်၊ ဆောရီးပါနော်၊ စိတ်မကောင်းပါဘူးဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် သင့်အတွက် ပြောဖို့ တကယ်မလိုအပ်တဲ့ အရာမျိုးတွေဆိုရင် အားနာတဲ့စိတ်နဲ့တော့ တောင်းပန်တဲ့စကား ပြောဖို့ မလိုအပ်ပါဘူး။ အထူးသဖြင့် ဒီလိုအရာမျိုးတွေအတွက် ပိုလို့တောင် တောင်းပန်ဖို့ မလိုအပ်ပါဘူး။

၁။ တစ်ယောက်ယောက်က ကိုယ့်ကို လမ်းမှာ ၀င်တိုက်သွားတဲ့အခါ ကိုယ်ကစပြီး ဆောရီးလို့ ပြောစရာ မလိုအပ်ပါဘူး။

၂။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်လုပ်တဲ့အမှားအတွက် ကိုယ့်ကိုအပြစ်တင်တဲ့အခါ တောင်းပန်ပါတယ်လို့ ပြောဖို့ မလိုပါဘူး။ ကိုယ့်အမှားမဟုတ်ကြောင်း ရှင်းပြပါ။

၃။သင့်စိတ်ထဲက စကားတစ်ချို့ ထုတ်ဖော်ပြောဆိုရတဲ့အခါ တောင်းပန်စရာ မလိုအပ်ပါဘူး။

၎။ကိုယ်ကြိုက်တဲ့ အချိုပွဲမှာမိလို့ တစ်ဖက်လူကို တောင်းပန်စရာ မလိုပါ။

၅။တစ်ခုခုကို ကိုယ်မဟုတ်ကြောင်း ငြင်းဆိုရတဲ့အခါ ဆောရီးလို့ ပြောဖို့ မလိုပါဘူး။

၆။တစ်ခုခုမှာ တန်းစီပြီး ရပ်စောင့်ရတဲ့အခါ နောက်မှရောက်လာတဲ့သူကို တောင်းပန်စရာ မလိုအပ်ပါ။

၇။ကိုယ်ဝတ်ထားတဲ့ အ၀တ်အစား၊ အပြင်အဆင်ကြောင့် တစ်ဖက်လူကို တောင်းပန်ဖို့ မလိုပါဘူး။

၈။အရေးမကြီးတဲ့ အီးမေးလ်တွေ စစ်ဆေးပြီး ချက်ချင်း မေးလ်ပြန်မပို့မိတဲ့အခါတွေမှာလည်း သင့်ဘက်က အမှားလုပ်တာ မဟုတ်တဲ့အတွက် မတောင်းပန်ပါနဲ့။

၉။ကိုယ့်ရှေ့ပိတ်ရပ်နေတဲ့ လူကို ဖယ်ပေးဖို့ မေးတဲ့အခါ တောင်းပန်စကား ပြောဖို့ မလိုပါ။

၁၀။အခြားလူတစ်ယောက်ရဲ့ ဆိုးဝါးတဲ့အပြုအမူအတွက် သင်တောင်းပန်ပေးစရာ မလိုပါ။

၁၁။အကူအညီတောင်းတဲ့အခါ တောင်းပန်ဖို့ မလိုပါ။

၁၂။သင်ဟာ တခြားလူတစ်ယောက်အတွက် အကောင်းဆုံး ဖြစ်မလာဘူးလို့ သူတို့ပြောတဲ့အခါ သူတို့ကို တောင်းပန်ဖို့ မလိုအပ်ပါဘူး။

၁၃။စကားတွေရောထွေးနေလို့ မကြားရတဲ့အခါ တစ်ဖက်လူကို နောက်တစ်ခါ ပြန်ပြောခိုင်းပါ။ ဒီလိုပြောခိုင်းလိုက်တဲ့အတွက် တောင်းပန်စရာတော့ မလိုပါဘူး။

၁၄။သင်တစ်ယောက်တည်း နေဖို့ လိုအပ်တဲ့အခါမျိုးတွေ သူတစ်ပါးက သူ့ကိုအဖော်ပြုပေးဖို့ မေးလာတဲ့အခါ ငြင်းလိုက်ပါ။ ခုလိုငြင်းလိုက်တဲ့အတွက် သင့်ဘက်က အားနာစရာမလိုပါဘူး။ တောင်းပန်စရာလည်း မလိုပါဘူး။

၁၅။သင့် အိပ်ခန်း ရှုပ်ပွနေလို့ တစ်ပါးသူကို တောင်းပန်စရာမလိုပါဘူး။

၁၆။နိုးလို့ တန်းငြင်းရမယ့်အရာတွေဆိုရင် တန်းသာငြင်းလိုက်ပါ။ ဒီ့အတွက် တောင်းပန်စရာ မဆိုပါနဲ့။

၁၇။ကိုယ်ရှာထားတဲ့ငွေ ကိုယ်ကြိုက်တဲ့အရာမှာ သုံးမိလို့ တစ်ပါးသူကို မတောင်းပန်ပါနဲ့။

၁၈။အလုပ်တွေများလွန်းလို့ ဖိစီးလွန်းအားကြီးလို့ တစ်ဖက်လူကို မတောင်းပန်ပါနဲ့။

၁၉။တစ်ယောက်ယောက်က အမှန်တရားကို မေးလာတဲ့အခါ ဖွင့်ပြောသင့်တယ်ထင်ရင် ပြောလိုက်ပါ။ ဒါကို တောင်းပန်စကား ဆိုဖို့မလိုပါဘူး။

၂၀။သင် စိတ်ထွက်ပေါက် ဖြစ်စေမယ့်အရာတစ်ခု ပြုလုပ်တဲ့အခါ တစ်ပါးသူ မကြိုက်လို့ တားနေမယ်ဆိုရင်တောင် ဒါဟာ ဘယ်သူမှ မထိခိုက်ဘူးဆိုရင် သူုတို့ကို တောင်းပန်ဖို့ မလိုအပ်ပါဘူး။


မေသော်

Credit: Trend Myanmar

No comments:

Post a Comment