Wednesday, July 1, 2015

"တစ်နေရာစီ ခွဲခွာနေရတဲ့ ချစ်သူတွေ အနေဝေးပေမယ့် စိတ်ချင်းအမြဲနီးနေစေဖို့ ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်ရန်သာလို"

"တစ်နေရာစီ ခွဲခွာနေရတဲ့ ချစ်သူတွေ အနေဝေးပေမယ့် စိတ်ချင်းအမြဲနီးနေစေဖို့ ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်ရန်သာလို"

ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာနေကြရတယ်ဆိုရင် နှစ်ဦးကြားက သံယောဇဉ်၊ အချစ်ရေးကို အသက်ဝင်လှုပ်ရှားနေအောင် ဘယ်လို ထိန်းသိမ်းကြမလဲဆိုတာ အရေးကြီးတဲ့အပိုင်းပါ။  ဒီလို အဝေးရောက်နေတဲ့ ချစ်သူနဲ့ ဆက်ဆံရေး ကောင်းမွန်နေစေဖို့ရာ ဘယ်အရာကိုမှ အလောတကြီး ဆောင်ရွက်လို့မရပဲ နှစ်ဦးသား စိတ်ကူးထားတဲ့ ပန်းတိုင်ကို အတူ တစ်ဆင့်ချင်း သွားရမှာဖြစ်တယ်လို့ လေ့လာချက်တွေက ဆိုထားသလို ကျန်းမာရေးကောင်းဖို့ကလည်း အဓိက ဖြစ်တယ်လို့ ပြောထားပါတယ်။ ချစ်သူနှစ်ဦးစလုံး ကျန်းမာရေးကောင်းနေမယ် လေ့ကျင့်ခန်းလိုက်စားမယ်ဆိုရင် မလိုအပ်တဲ့ စိတ်လှုပ်ရှားမှု၊ ပူပင်သောကတွေ၊ ဒေါသထွက်တာတွေ လျော့နည်းသွားပါလိမ့်မယ်လို့ ပြောထားပါတယ်။ တစ်ယောက်တစ်နေရာ ရောက်နေတဲ့ ချစ်သူတွေအတွက် နောက်ထပ် အဓိကကျတဲ့ အချက်လေးတွေကို ပြောပြရရင်ဖြင့်

၁။ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထားပါ။
နှစ်ယောက်စလုံး ညဘက်ဘယ်အချိန် အိမ်ပြန်ရောက်အောင် ၀င်မယ်။ ဘယ်ရက်တွေ သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့ လုပ်ထားတယ်။ ညဘက် ဘယ်အချိန်ရောက်ရင် နှစ်ယောက်အတူ စကားပြောကြမယ် စသဖြင့် ကိုယ်ကြိုက်တာ၊ မကြိုက်တာတွေအပြင် နှစ်ဦးစလုံးအတွက် သင့်တင့်တဲ့ စည်းမျဉ်းလေးတွေ ချမှတ်ထားလိုက်ပါ။

၂။နှစ်ဦးသား အမြဲ ဆက်သွယ်ပါ။

နည်းပညာတွေ တိုးတက်လာတာကြောင့် အင်တာနက်သုံးရင် ချစ်သူနှစ်ဦး စကားပြောနိုင်သလို Skype ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြောဆိုနိုင်ပါပြီ။ အကောင်းဆုံးကတော့ video chat လုပ်ဖြစ်အောင် လုပ်ပါ။ မျက်နှာကြည့်ပြီး ပြောဆိုရတာဟာ ရိုးရိုး chat ရတာနဲ့ မတူနိုင်ပါဘူး။ ညဘက်တိုင်း နှစ်ဦးသား video chat လုပ်ပေးတာမျိုး ကောင်းပါတယ်၊

၃။အသေးအဖွဲ ကိစ္စလေးတွေလည်း ပြောဆိုသင့်ပါတယ်။

အရေးကြီးတဲ့ သတင်းကျမှ ဖွင့်ပြောတာမျိုးတွေ လုပ်တာမျိုးထက် တစ်နေ့စာ ဘာတွေဖြစ်တယ်၊ ဘာတွေလုပ်တယ်၊ ဘာတွေထူးခြားနေတယ် စတာတွေကို အမြဲပြောပေးပါ၊ ဒီလိုဆိုရင် သင်တို့နှစ်ယောက် တစ်ဦးကိုတစ်ဦး ကွာခြားနေတယ်၊ ကွဲပြားနေတယ်လို့ ခံစားရမှာ မဟုတ်တော့ပါဘူး။

၎။တီဗီ အတူကြည့်ပါ။

ချစ်သူနဲ့ ဘေးချင်းယှဉ်လျက်ထိုင်ပြီး တီဗီ၊ ဗီဒီယို အတူမကြည့်နိုင်ဘူးဆိုရင်တောင် အခွေတစ်ခွေတည်းကို သူလည်း ဟိုဘက်မှာကြည့်၊ ကိုယ်လည်း ဒီမှာ တစ်ချိန်တည်းကြည့်နိုင်အောင် ကြိုးစားပါ။ ပြီးရင် ဘယ်လိုခံစားရတယ်၊ ဘယ်လိုထင်တယ် ဆိုတာလေးတွေ မျှဝေကြပါ။

၅။နားလည်မှုရှိပါစေ။

ခွဲခွာနေရတဲ့ ချစ်သူတွေအတွက် အရေးအကြီးဆုံး အချက်ကတော့ နားလည်မှုရှိဖို့ပါ။ တကယ်လို့ ချစ်သူနဲ့ ပြောထားတဲ့အရာတွေ တစ်ခုခု လွဲသွားတာမျိုးဆိုရင် သူ့ဘက် ကိုယ့်ဘက်တွေးပြီး နားလည်မှုပေးလိုက်ပါ။ တစ်ခုခုဆို အထင်တန်းလွဲတတ်တဲ့ အကျင့်မျိုးတွေ ဖျောက်ပါ။ တစ်ယောက်ပြောတာကို တစ်ယောက် ဆုံးအောင်နားထောင်ပြီး သေချာပြောဆို ဆွေးနွေးပါ။

၆။ခံစားချက်ကို ဝေမျှပါ။

သင့်ချစ်သူနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားနေရတယ်ဆိုတာကို အသေးစိတ် ပြောပြနိုင်အောင် ကြိုးစားပါ၊ စိတ်ထဲ စုပြုံထည့်ထားပြီး ဘာတစ်ခုမှ မပြောပဲ နေတာမျိုးတွေ မလုပ်ပါနဲ့။

၇။ရိုမန်တစ်ဆန်ဆန် ပြုမူတတ်ပါစေ။

သင့်ချစ်သူနဲ့ သင့်ကြားမှာ ရင်ခုန်စရာတွေ၊ ပျော်ရွှင်စရာတွေဖြစ်အောင် သင်ဘယ်လိုလုပ်ရင်ကောင်းမယ် ဆိုတာမျိုးလေးတွေ တွေးပါ။ တစ်ယောက်ကို တစ်ယောက် ကြိုပြောမထားပဲ ပို့စ်စကတ်လေးတွေ၊ လက်ဆောင်လေးတွေ ပို့တာ၊ anniversary နေ့မှာ အမှတ်တရဖြစ်အောင် တစ်ခုခုလုပ်ပေးတာ စတာလေးတွေ ကြိုးစားလုပ်ဆောင်သွားပါ။


မေသော်

Credit: Trend Myanmar


No comments:

Post a Comment