Friday, July 3, 2015

"သမီးရည်းစား ဆက်ဆံရေးကို တန်ဖိုးထားတဲ့ အမျိုးသမီးတိုင်း ကိုယ့်ချစ်သူကောင်လေးကို ဒီလိုစကားမျိုးတွေ မပြောသင့်ပေ"

"သမီးရည်းစား ဆက်ဆံရေးကို တန်ဖိုးထားတဲ့ အမျိုးသမီးတိုင်း ကိုယ့်ချစ်သူကောင်လေးကို ဒီလိုစကားမျိုးတွေ မပြောသင့်ပေ"

တစ်ခါတစ်လေမှာ အမျိုးသမီးတွေဟာ ဘယ်လောက်ချစ်တတ်ကြတယ်ဆိုဆို အမျိုးသားတွေကို အလေးမပေးမိတတ်တဲ့အခါတွေ ရှိပါတယ်။ ဒါဟာ တမင်တကာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် မရည်ရွယ်ပဲ လုပ်မိသွားသလို ဖြစ်သွားတာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပြောလိုက်တဲ့စကားက တစ်ဖက်သားကို နာကျင်သွားစေမယ်ဆိုရင်တော့ နှစ်ဦးသားအချစ်ရေး ပိုမိုဖြောင့်ဖြုးစေဖို့ အဲ့ဒီအပြောအဆိုလေးတွေကို ဆင်ခြင်သင့်ပါတယ်။ ဒါတွေက ဘယ်လိုအရာမျိုးတွေ ဖြစ်မလဲဆိုတော့..

၁။ နောက် (၅) မိနစ်ပဲ ထပ်စောင့်ရင် ပြီးပါပြီ။

သူ့စိတ်ရှည် သည်းခံမှုကို သွားမစမ်းသပ်ပါနဲ့ အမျိုးသမီးတို့…။ သင်မိတ်ကပ်ခြယ်သတဲ့ အချိန်ကို အချိန်ကြာကြီးစောင့်နေခဲ့ပြီးပါပြီ။

၂။ အဲဒါပဲလား။        

ဒီစကားက ပြောရတာ လွယ်ပေမယ့် တစ်ဖက်လူကိုတော့ အများကြီး နစ်နာစေပါလိမ့်မယ်။

၃။ ငါမင်းကို ချစ်ပေမယ့် မင်းငါ့ကို ချစ်လို့လား။

သင့်ကို သူချစ်မချစ် ခု သင်သဘောမပေါက်သေးရင် မိမိတို့ချစ်သူချင်း ဆက်ဆံရေးကို ပြန်လည်စမ်းစစ်ဖို့ လိုအပ်ပါတယ်။

၎။ မင်းသူငယ်ချင်းတွေက ငကြောင်တွေပဲ။

အမျိုးသမီးတွေနဲ့ အမျိုးသားတွေ မတူတဲ့ အချက်တစ်ချက်က အမျိုးသားတွေဟာ သူတို့ သူငယ်ချင်းတွေကို အရမ်းတွယ်တာကြပါတယ်။ အမျိုးသမီးတွေဟာ တစ်ခါတစ်လေ ကိုယ့်သူငယ်ချင်းတွေအကြောင်းကို သူတို့ရှေ့မှာ တမျိုး၊ ကွယ်ရာမှာဆိုရင် အတင်းတုတ်တတ်ကြပေမယ့် အမျိုးသားတွေကတော့ အဲ့ဒီလို လုပ်လေ့မရှိကြပါဘူး။

၅။ မင်း တချိန်လုံးမှားနေတာပဲ၊ လုပ်လိုက်ရင် တလွဲချည်းပဲ။

တခါတလေတော့ ဖြစ်နိုင်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။

၆။ ကျေးဇူးပြုပြီး အဲဒီအင်္ကျီကိုတော့ နောက်ထပ်မဝတ်ပါနဲ့။

သူ့ကိုယ်ပိုင်ရွေးချယ်မှုကို အလေးထားပါ။ သူဝတ်တဲ့ အဝတ်အစားမှာ သူ သက်တောင့်သက်သာဖြစ်ရင် ဒီတိုင်းပဲ ရှိနေပါစေ။ သင့်လို ကြည့်ကောင်းတာ၊ မကောင်းတာတွေ သူ ဂရုမစိုက်ပါဘူး။

၇။ ကျေးဇူးပြုပြီး အဲဒီကောင်မလေးကို စကားမပြောပါနဲ့။

ကိုယ့်ချစ်သူ ကောင်လေးက တစ်ခြား မိန်းကလေးတစ်ယောက်ယောက်နဲ့ စကားပြောတိုင်း မနာလိုဖြစ်တတ်တဲ့ သံယောဇဉ် တွယ်တာလွန်းတဲ့ မိန်းကလေးမျိုး မဖြစ်ပါစေနဲ့။


Ref: Indiatimes

Credit: Trend Myanmar


No comments:

Post a Comment