Wednesday, July 22, 2015

"မြန်မာ့အသက်အငယ်ဆုံး အလှမယ် ဖြစ်လာတဲ့ ချစ်ချစ်တုံ"


"မြန်မာ့အသက်အငယ်ဆုံး အလှမယ် ဖြစ်လာတဲ့ ချစ်ချစ်တုံ"

စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် International Prince & Princess 2015 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နေသည့် အသက်အငယ်ဆုံး မြန်မာအလှမယ် Miss ချစ်ချစ်တုံကို ပြည်တွင်းမှ ပရိသတ်များက စိတ်ဝင်စား အားပေးနေကြောင်း သတင်းရရှိသည်။

အသက် (၅) နှစ်အရွယ် ကလေးငယ် ချစ်ချစ်တုံကို ယင်း ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲ၏ National Director မလှနုထွန်းက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။  ချစ်ချစ်တုံသည် ယင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ဇူလိုင် ၂၀ ရက်တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

စင်ကာပူသို့  ရောက်ရှိစဉ် ၎င်းကိုအားပေးနေသော ပရိသတ်များက လေဆိပ်၌ လာရောက် ကြိုဆိုခဲ့သောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ချစ်ချစ်တုံ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၎င်း၏ ဓာတ်ပုံများနှင့်တကွ စာရေးသား တင်ထားသည်ကို တွေ့ရသည်။ (၁၅) ကြိမ်မြောက် International Prince & Princess 2015 ပြိုင်ပွဲကာလသည် နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း မလှနုထွန်းက မီဒီယာအချို့တွင် ဖြေကြားထားသည်။

ပြိုင်ပွဲ၏ Talent ကဏ္ဍတွင် ပုသိမ်ထီးနှင့်အက၊ ဒီဂျေအကများဖြင့် ကပြယှဉ်ပြိုင်မည်ဖြစ်ပြီး ယခုရက်အတွင်း ပြိုင်ပွဲအတွက် ဓာတ်ပုံရိုက်ကူးခြင်း    ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၂၂ ရက်က ချစ်ချစ်တုံ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌   ရေးသားထားသည်။

ချစ်ချစ်တုံကိုယ်တိုင် ဝါသနာပါသောကြောင့် အဆိုပါ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး အသက်ငယ်သေးသောကြောင့် သရုပ်ဆောင်အလုပ်ကိုမူ ဆက်လက်    လုပ်ကိုင်စေမည်မဟုတ်ကြောင်း ချစ်ချစ်တုံ၏မိခင်က ပြောသည်။


ဇွဲဉာဏ်

Credit: 7day daily

1 comment:

  1. ဒီပေ့ကစာတွေတော်တော်များကို ကူးယူသိမ်းထားသလို တစ်ခြားနေရာမှာလည်း
    မျှဝေမှုတွေလုပ်ထားပါတယ်၊ ဖြစ်တယ်မဟုက်လားဗျာ၊
    ဖက်လို့ကောင်းတဲ့စာတွေကြီးပါပဲ......

    ReplyDelete