"အင်ဒိုနီးရှားက ထူးခြားတဲ့ အနက်ရောင်ကြက်မျိုးစိပ်"
အနက်ရောင်အသွေးရှိတဲ့ တိရစ္ဆာန်တွေ အများအပြားကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်တွေ့နေကြဖြစ်ပါတယ်။ ဝက်ဝံ၊ မျောက်၊ ခွေး၊ မြင်း၊ ကျွဲ၊ နွား၊ ငှက် စသည့်ဖြင့် ကုန်းနေရေနေ သတ္တဝါမျိုးစုံတို့မှာ အနက်ရောင်ကိုယ်ခန္ဓာ၊ အရေပြား၊ အမွှေး စသည်တို့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံက Ayam Cemani လို့ခေါ်တဲ့ အနက်ရောင်ကြက် တိရစ္ဆာန်မျိုးစိပ်က ထူးခြားပါတယ်။
နက်မှောင်တောက်ပြောင်တဲ့ အနက်ရောင်က တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်မွှေးတွေအပြင် ကြက်အရေပြား၊ နှုတ်သီး၊ လျှာ၊ မျက်လုံး၊ ခြေချောင်း၊ ခြေသည်းခွံတွေအပြင် အတွင်းပိုင်းက အသား၊ အရိုးတွေနဲ့ ဝမ်းဗိုက်အတွင်းပိုင်း ကလီစာတွေ အားလုံးက ထူးဆန်းစွာပဲ အနက်ရောင်ရှိနေပါတယ်။
အင်ဒိုနီးရှားအခေါ် Ayam Cemani အနက်ရောင်ကြက်မျိုးစိပ်ရဲ့ ရာဇဝင်အနေနဲ့ ၁၉၉၈ ခုနှစ်မှာ ဥရောပမွေးမြူရေးသမားများက စတင်မျိုးစိပ်ပေးခဲ့ပြီး ဂျာဗားကျွန်းမှာ မွေးမြူခဲ့တာပဲ ဖြစ်ပါတယ်။ သာမန်ကြက်တွေထက် စားသုံးမှုအရသာနဲ့ ကျန်းမာရေးအတွက်ပေးတဲ့ အကျိုးအာနိသင်တွေမှာ ပိုမိုထူးကဲမှု ရှိတာကြောင့် ဈေးကွက်အတွင်းမှာ ဈေးနှုန်းပိုမိုပေးဝယ်ရတယ်လို့ သိရပါတယ်။
Credit: ဖိုးသူတော်
Wednesday, July 1, 2015
"အင်ဒိုနီးရှားက ထူးခြားတဲ့ အနက်ရောင်ကြက်မျိုးစိပ်"
Labels:
ထူးဆန်းဖွယ်,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment