"လူငယ်တွေ ဖုန်းကျေးကျွန် ဖြစ်နေ"
အနာဂတ် လူငယ် မျိုးဆက်သည် ဖုန်းကျေးကျွန် မျိုးဆက် ဖြစ်လာကာ ဖုန်းနဲ့ချည်း အချိန်ကုန်နေပြီး ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ဘဲ ချိနဲ့လာနိုင်ကြောင်း ဗြိတိန် အားကစားဆိုင်ရာ ကျွမ်းကျင်သူများက သတိပေး ပြောကြားသည်။
Youth Sports Trust အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ယနေ့ ကလေးများ၏ လေးပုံတစ်ပုံသည် သူငယ်ချင်းများနဲ့ ပြေးလွှား ဆော့ကစားမည့် အစား အွန်လိုင်းကတစ်ဆင့် ဂိမ်းတူတူ ဆော့ခြင်းမျိုးကိုသာ လုပ်ကြတော့ကြောင်း အစီရင်ခံစာက ဆိုသည်။
ကျောင်းများတွင် အားကစားချိန်များကို တိုးမြှင့်ဖို့နှင့် ထိရောက်အောင် လုပ်ပေးဖို့ အစီရင်ခံစာက တိုက်တွန်းထားသည်။ ကျောင်းများတွင် အားကစား လှုပ်ရှားမှုများ မြှင့်တင်ဖို့ ပေါင်သန်း (၃၀၀) အသုံးပြုထားကြောင်း ဗြိတိန် အစိုးရက ထုတ်ပြန် ပြောကြားသည်။
Youth Sports Trust အဖွဲ့သည် အားကစားဖြင့် လူငယ်များဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ကြိုးပမ်းနေသော အဖွဲ့ ဖြစ်သည်။ အားကစားနှင့် ပတ်သက်သော ကလေးများ၏ စိတ်နေ သဘောထားများကို စစ်တမ်းကောက်ကာ အစီရင်ခံစာ ပြုစုထားခြင်း ဖြစ်သည်။
စစ်တမ်းတွင် အသက် (၅) နှစ်မှ (၁၆) နှစ်ကြား လူငယ် (၁၀၀၀) ပါဝင်သည်။ (၇၅) ရာခိုင်နှုန်းသည် ကျောင်းတွင်း အားကစား အစီအစဉ်များတွင် ပျော်ပျော်ပါးပါး ပါဝင်ကြပြီး သုံးပုံနှစ်ပုံသည်လည်း အားကစား လှုပ်ရှားမှုများတွင် ပိုမို ပါဝင်ခြင်းဖြင့် ပျော်ရွှင် လာကြကြောင်း သဘောထား ဖော်ပြသည်။
ဒစ်ဂျစ်တယ် နည်းပညာ၏ ထိုးဝင်လာမှုကိုလည်း အစီရင်ခံစာက သတိပေးထားသည်။ (၂၃) ရာခိုင်နှုန်းသော ကလေးများသည် ကိုယ်လက်လှုပ်ရှား ဆော့ကစားမည့် အစား ဂိမ်းဆော့ရတာ ပိုသဘောကျနေကြကြောင်း သိရသည်။ သူငယ်ချင်းများကို အပြင်မှာ လူချင်းတွေ့ စကားပြောတာထက် အွန်လိုင်းက ပိုပြောဖြစ်သည်ဟု ဆိုသူက သုံးပုံတစ်ပုံ ရှိသည်။
မြတ်ဆုကို
Credit: messenger
Wednesday, July 1, 2015
"လူငယ်တွေ ဖုန်းကျေးကျွန် ဖြစ်နေ"
Labels:
ဗဟုသုတ,
အတွေးအမြင်
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment