"မွေးနေ့မှာ သာသနာ့ဘောင်ဝင်မယ့် ဘန်နီဖြိုး"
ဇူလိုင် ၉ ရက်တွင် ကျရောက်မည့် (၂၃) နှစ်ပြည့် မွေးနေ့၌ ပထမဆုံးအကြိမ် ပဉ္စင်း တက်မည်ဖြစ်ကြောင်း ဘန်နီဖြိုး ကပြောသည်။
‘‘ဘုန်းကြီးဝတ်တာနဲ့ ကျောင်းတက်တာကို အရင်ကတည်းက လုပ်ချင်တာ။ ဒီနှစ်မွေးနေ့မှာတော့ ဘုန်းကြီးဝတ်လိုက်မယ်ဆိုပြီး စဉ်းစားတာ။ ဘုန်းကြီးဝတ်လိုက်ရင် ပရိုမိုးရှင်းကျရင်လည်း ခေါင်းတုံးကြီးနဲ့ နောက်အလုပ်တွေကိုလည်း ခေါင်းတုံးကြီး၊ ဒါပေမဲ့ ဝတ်ချင်တာပဲ။ ဝတ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ’’ ဟု ၎င်းကပြောသည်။
ပဉ္စင်းတက်မည့် ဘုန်းကြီးကျောင်းကိုမူ အေးအေးဆေးဆေး နေလို၍ မပြောလိုဘဲ သာသနာ့ဘောင်တွင် ငါးရက်ခန့် နေထိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ငါးတန်းတုန်းကတော့ ကိုရင်ဝတ်ဖူးတယ်။ ကိုရင်ဝတ်တုန်းက ဘွဲ့က ရှင်ပါမောက္ခပါ’’ ဟု ဘန်နီဖြိုးကပြောသည်။
ဘန်နီဖြိုးသည် ပြီးခဲ့သည့်နှစ်က မွေးနေ့ကို ၎င်း၏ အမာခံပရိသတ်များ စုပေါင်းဖွဲ့စည်းထားသည့် B-Army အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဖြတ်သန်းခဲ့ပြီး ယခုနှစ်တွင်မူ ‘လူပျိုလှည့်တေး’ ဒီဗီဒီ ထွက်ရှိချိန်မှသာ B-Army နှင့် တွေ့ဆုံတော့မည် ဟု ပြောသည်။
လူပျိုလှည့်တေး ဒီဗီဒီမှာ ဖြန့်ချိရန် အဆင်သင့် ဖြစ်နေသော်လည်း အရောင်းမြှင့်တင်ရေး လုပ်ရန် ရည်ရွယ်ထားသည့် နေရာ အဆင်မပြေသေးသောကြောင့် ဖြန့်ချိမည့်နေ့ကို အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။
ဇွဲဉာဏ်
Credit: 7day daily
Wednesday, July 1, 2015
"မွေးနေ့မှာ သာသနာ့ဘောင်ဝင်မယ့် ဘန်နီဖြိုး"
Labels:
အနုပညာသတင်း
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment