Wednesday, March 9, 2016

"ယောက်ျားတစ်ယောက်ကို မချစ်ခင် မိန်းကလေးတွေ ကြည့်လေ့ရှိတဲ့အချက် (၁၀) ချက်"


"ယောက်ျားတစ်ယောက်ကို မချစ်ခင် မိန်းကလေးတွေ ကြည့်လေ့ရှိတဲ့အချက် (၁၀) ချက်"

အသိဥာဏ်ထက်သန်တဲ့ မိန်းမဖြစ်စေ၊ သာမန် ဉာဏ်ရည်သာရှိတဲ့ မိန်းမပဲဖြစ်စေ ယောက်ကျားတစ်ယောက်ကို မရွေးချယ်ခင်မှာ အခြေခံ လိုအပ်ချက်ကလေးတွေကို ကြည့်လေ့ရှိပါတယ်။ ဒါကို စိတ်ကျေနပ် သဘောကျပြီဆိုမှ လက်တွဲဖော်အဖြစ် ရွေးချယ်တာ ဖြစ်ပါတယ်။ ဒီတော့ ယောက်ျားလေးတွေ အနေနဲ့လည်း ကိုယ့်မှာ ဘာလိုအပ်ချက်တွေရှိသလဲ တိုက်ဆိုင်စစ်ဆေးလို့ ရတာပေါ့။

၁။ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိရမယ်။
အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင်လည်း များသောအားဖြင့် သန့်သန့်ရှင်းရှင်းနေသလို သူတို့ရဲ့ လက်တွဲဖော်ကိုလည်း သန့်သန့်ရှင်းရှင်း နေတဲ့သူ ဖြစ်စေချင်ပါတယ်။ ဒါကို အချို့ယောက်ျားလေးတွေက သိပ်အလေးမထားတာကလည်း မှားယွင်းတဲ့အချက် ဖြစ်ပါတယ်။

၁။ တည်တည်တန့်တန့် ဖြစ်ရမယ်။
ဟာသလုပ်တိုင်းလည်း လူပြတ်လူချော်လို့ ပြောလို့မရပါဘူး။ စကားနည်းပြီး မထုံတတ်တေး နေတာကိုလည်း တည်တန့်တယ်လို့ သတ်မှတ်လို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး မှန်ကန်တဲ့ အပြုအမူကိုဆောင်ရွက်၊ ပြောဆို၊ ပြုမူတာတွေဟာ တည်တည်တန့်တန့် ဖြစ်နေရပါမယ်။

၃။ ပုဂ္ဂိုလ်ရေးအရ နှစ်လိုဖွယ်ကောင်းရမယ်။
ရုပ်အရမ်းကြီးချောဖို့ မလိုပါဘူး။ ပုဂ္ဂိုလ်ရေးအရ ပြူပြူငှာငှာ၊ လိုက်လိုက်လျှောလျှော၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လာဘ်မြင် ဉာဏ်ကောင်းခြင်း စတာတွေကလည်း ဒီအရည်အချင်းကို ဖြည့်စွမ်းနိုင်ပါတယ်။

၎။ တောင့်တင်းတဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိရမယ်။
အခုခေတ်မှာတော့ ဒီစကားက ရယ်စရာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်ထိ ရာခိုင်နှုန်း တော်တော်များများ ဒီအချက်ကို မက်မောနေကြဆဲ ဖြစ်ပါတယ်။

၅။ ဟာသနဲ့ပတ်သက်တဲ့ ဉာဏ်ပညာလည်း ကောင်းရမယ်။
နံပတ် (၂) အချက်မှာ ပြောခဲ့သလိုပဲ ဟာသလုပ်တိုင်း လူပေါမဟုတ်ပါဘူး၊ သူများထက် ဉာဏ်ကောင်းတာကို ပြောတာပါ။ ဟာသကို တတ်မြောက်တဲ့ ယောက်ျားဟာ ၁၀ ယောက်မှာ တစ်ယောက်ရှိဖို့ ရှားပါတယ်။ ယောက်ျားတို့ တတ်မြောက်အပ်တဲ့ အဋ္ဌာရသ (၁၈) ရပ်ထဲမှာတောင် ဟာသပညာ ပါပါတယ်။

၆။ ဆက်ဆက်ထိ မခံစိတ်ဓာတ်မျိုးဆို သဘောမကျဘူး။
ဆက်ဆက်ထိမခံစိတ်ဟာ ဒေါသကြီးခြင်းရဲ့ လက္ခဏာပါဘဲ။ ဘယ်မိန်းမမှ ကိုယ့်ကို နှိပ်စက်မဲ့သူကို ဖူးစားဖက်အဖြစ် ရွေးချယ်ချင်မှာ မဟုတ်ပါဘူး။

၇။ ကောင်းမွန်သောအလုပ်နဲ့ သင့်တင့်တဲ့လစာ ရှိရမယ်။
ကောင်းမွန်သောအလုပ်ဆိုတာ သမ္မာအာဇီဝကျကျ အသက်မွေးဝမ်းကျောင်းခြင်းကို ဆိုလိုပြီး သင့်တင့်တဲ့ လစာဆိုတာ ကာလတန်ကြေးအရ မိသားစုရဲ့ စားဝတ်နေရေးကို ဦးဆောင်နိုင်စွမ်းရှိတဲ့ လစာကို ဆိုလိုပါတယ်။

၈။ အခြားလုတွေရဲ့ လေးစားမှုကို ခံရသူ ဖြစ်စေချင်တယ်။
ဒါကလည်း အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းပါဘဲ။ အခြားသူတွေရဲ့ လေးစားမှု ခံရဖို့အတွက် ပညာ၊ သြဇာ၊ လေးစားထိုက်ခံရတဲ့ အရည်အချင်းကလည်း ရှိမှ ဖြစ်မယ်လေ။

၉။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူဖြစ်ရမယ်။
အရေးကြီးတဲ့ အချက်တစ်ခုပါဘဲ။ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်အမျိုးသမီးကမှ ဘ၀လက်တွဲဖော်အဖြစ် ယုံကြည်စွာ လက်တွဲနိုင်မှာ မဟုတ်ပါဘူး။

၁၀။ ကြည့်ကောင်းတဲ့ရုပ်ရည်။
ဒီအချက်ကတော့ အရမ်းကြီးအရေးကြီးတဲ့ အချက်ထဲမှာ ချွင်းချက်အနေနဲ့ပဲ ရှိပါတယ်။ ဒါပေမယ့် အလှအပကို မက်မောတဲ့ မိန်းမတွေရဲ့ သဘာဝအရ ဒါကလည်း ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့အချက် ဖြစ်ပါတယ်။ သို့သော် ယောက်ျားတစ်ယောက်ဟာ အခြားအချက်အလတ်များနဲ့ ပြည့်စုံနေရင် ဒီအချက်ကို ထည့်သွင်းစဉ်းစားမှု မပြုကြပါဘူး။

နတ်စည်တော် (ShweMOM)

Credit: SHWEMOM

No comments:

Post a Comment