Monday, March 7, 2016

"ဒီလိုအချက်ကလေးတွေ ရှိနေရင် စမတ်ကျသူတစ်ဦးဖြစ်"


"ဒီလိုအချက်ကလေးတွေ ရှိနေရင် စမတ်ကျသူတစ်ဦးဖြစ်"

သင့်ကိုယ်ကို သင် ပြန်ကြည့်မိတဲ့အခါ ဘယ်လိုခံစားရသလဲ။ ကြည့်ကောင်းလား၊ စတိုင်ခပ်မိုက်မိုက် ဖြစ်နေလား။ ယုံကြည်ချက်အပြည့် ရှိလား။ လူကြားထဲ ပေါ်လွင်နေတဲ့ပုံစံမျိုးလား။ ဒါမှမဟုတ် သိပ်ပြီး ထူးထူးခြားခြား မရှိတာလား။ ရုပ်ရည်ကလည်း အသင့်အတင့်၊ ပေါ်လွင်တဲ့ ထူးခြားတဲ့အရာလည်း မရှိတာကြောင့် လူတွေက ကိုယ့်ကို သိပ်ပြီးမသိကြဘူးလား။ သင့်ရဲ့အသွင်အပြင်၊ ပြုမူလှုပ်ရှားမှု၊ ကြိုက်နှစ်သက်တဲ့အရာ၊ အမူအကျင့်၊ ဝါသနာပါတာတွေကို ကြည့်ရှုပြီး ဘယ်လိုပုံစံမျိုး ရှိနေသလဲဆိုတာ အခုဖော်ပြပေးမယ့် အချက် ၈ ချက်နဲ့ တစ်ခုခု ကိုက်ညီနေတဲ့လူတိုင်းက အခြား သာမန်လူတွေထက် ပိုပြီးတော့ စမတ်ကျနေတာပါတဲ့။ ဒါဆို ဘာတွေများဖြစ်မလဲ ဆိုတာ လေ့လာကြည့်ရအောင်

၁။ သင်က အိမ်မှာ အကြီးဆုံးကလေးဖြစ်ခဲ့ရင် အခြားညီအစ်ကိုမောင်နှမတွေထက် ပိုပြီးတော့ စမတ်ကျပါသတဲ့။
ဒါက မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ၂၀၀၇ ခုနှစ်က ကောက်ယူခဲ့တဲ့ အိမ်ထောင်စု စာရင်းဇယားတွေနဲ့ မိသားစု စိတ်ခံစားမှုဆိုင်ရာတွေရဲ့ ဖော်ပြချက်မှာ ဒီလိုပဲ တွေ့ရှိတာဖြစ်ပါတယ်။

၂။ ဂီတသံစဉ်တွေကို ကြိုက်နှစ်သက်၊ နားထောင်သူတွေ ပိုပြီးတော့ စမတ်ကျပြီး ဥာဏ်ကောင်းပါသတဲ့။
အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းရှိတဲ့ ကလေးငယ်လေးတွေကို ဂီတသံစဉ်တွေ နားထောင်ခိုင်းပြီး စာသင်ကြားခြင်းက ပိုပြီးတော့ အတတ်လွယ်ပြီး ဥာဏ်ကောင်းလာခဲ့ကြတာကို တွေ့ရပါတယ်။

၃။ ဆေးလိပ်မသောက်သုံးတဲ့သူတွေက ပိုပြီးတော့ စမတ်ကျပါသတဲ့။
ဆေးလိပ်သောက်သူတွေနဲ့ မသောက်သူတွေရဲ့ မှတ်ဥာဏ်စွမ်းရည်ကို ယှဉ်ကြည့်လိုက်ရင် အကွာကြီးကွာခြားနေတာကို တွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း သိသိသာသာ ကွာခြားနေပါတယ်။

၎။ ပိန်ပါးပြီး ချပ်ချပ်ရပ်ရပ်ရှိတဲ့သူတွေက ပိုပြီးတော့ စမတ်ကျပါသတဲ့။
ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတွက်လည်း ပိန်တဲ့သူတွေက ပိုပြီးတော့ စိတ်ပျော်ရွှင်နေကြပါတယ်။

၅။ ဘယ်သန်ဖြစ်ခဲ့ရင် ပိုပြီးတော့ စမတ်ကျပါသတဲ့။
ဒါကတော့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ရလာဒ်တစ်ရပ်ပါပဲ။ ဘယ်လက်နဲ့သာ အသုံးပြုတတ်ကြတဲ့ သူတွေက ညာသန်တွေထက်စာရင် ပိုပြီးတော့ တီထွင်အား ကောင်းတယ်။ စဉ်းစားတွေးခေါ်မှု ဥာဏ်အားကောင်းတယ်လို့ ထောက်ခံ ပြောကြားပါတယ်။

၆။ ခေတ်ပေါ်ဆေးဝါးသုံးစွဲမှုတွေ၊ တားမြစ်ဆေးဝါး သုံးစွဲခြင်းတွေ လုပ်ဖူးတဲ့သူတွေက ပိုပြီးတော့ စမတ်ကျပါသတဲ့။
မကောင်းတာကို ကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး သုံးစွဲဖူးတဲ့သူက လက်ရှိအချိန်မှာ ရှောင်ရှားနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ စိတ်ထိန်းနိုင်မှုကြောင့် အခြားသူတွေထက် ပိုပြီးတော့ ချီးကျူးစရာကောင်းလို့ စမတ်ကျနေတာ ဖြစ်ပါတယ်။

၇။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့သူက ပိုပြီး စမတ်ကျပါသတဲ့။
ကြောင် ဒါမှမဟုတ် ခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ခြင်းက တိရစ္ဆာန်လေးတွေကို ချစ်ခင်ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လို့ အများအမြင်မှာ မြင်တွေ့ရတာကြောင့် ပိုပြီး စမတ်ကျနေတာ ဖြစ်ပါတယ်။

၈။ အရပ်ရှည်တဲ့သူတွေက ပိုပြီးတော့ စမတ်ကျပါသတဲ့။
ဒါကတော့ ငြင်းခုံစရာ မရှိပါဘူး။ အရပ်ရှည်တဲ့သူတွေက အားလုံးထဲမှာ ပိုပြီးတော့ အပေါ်လွင်ဆုံး ဖြစ်နေပါတယ်။ တန်းခနဲကြည့်လိုက်တာနဲ့ ကိုယ့်ကို အရင်မြင်တွေ့ကြတာကြောင့် ကိုယ်ကပိုပြီး လူသိများပါတယ်။

Ref:Khun Nay

Credit: ရွှေဝတ်မှုန်(ရွှေအင်းလေး)

No comments:

Post a Comment