Saturday, March 12, 2016
"ရေရှည်မတွဲသင့်တဲ့ ယောက်ျား (၁ဝ) မျိုး"
"ရေရှည်မတွဲသင့်တဲ့ ယောက်ျား (၁ဝ) မျိုး"
ခေတ်ကိုက စိတ်ပျက်စရာကောင်းတဲ့ ယောက်ျားတွေပေါတဲ့ ခေတ်ပါ။
ဒီခေတ်ကြီးမှာ ရည်းစားအတည်အတံ့လိုချင်တဲ့ အမျိုးသမီးတွေအတွက် ယောက်ျားရှားပါတယ်။ ဒါပေမဲ့ အပျော်သဘောသာ ရည်းစားထားချင်တဲ့ သူတွေအတွက်ကတော့ ကောင်းတယ်ဆိုရမှာပေါ့။ အောက်မှာ ဖော်ပြထားတဲ့ ယောက်ျားမျိုးတွေကတော့ ရေရှည်တွဲမယ်ဆိုရင် မိန်းကလေးတွေ စိတ်ဆင်းရဲရမယ့် ယောက်ျားမျိုးတွေပါ။
၁။ အတ္တသမား
အတ္တသမားတွေက သင့်ကို မရခင်မှာတော့ တခမ်းတနားတွေ ကျွေးမွေးပြီး ပိုးပန်းလိမ့်မယ်။ ရေရှည်မှာ သင့်ဘဝကို ဖျက်ဆီးမယ့်သူတွေဖြစ်တယ်။
၂။ သဘောကောင်းပြီး ဦးနှောက်မရှိသူ
သူတို့တွေက အရမ်းကို တွယ်တာတတ်တယ်။ အရမ်းလည်း သဘောကောင်းတယ်။ ပြဿနာက သူတို့ရဲ့ ဦးနှောက်က ၅ နှစ်သားလေးရဲ့ ဦးနှောက်မျိုးပဲရှိတယ်။ လူရှေ့သူရှေ့မှာ သူ့ကိုယ်သူ ဆရာကြီးဟန်ပန် လုပ်ပြီး သင့်ကို အရှက်ရစေမယ့်သူမျိုး။ အချိန်ပြည့် ကိုယ့်ရဲ့ စီစဉ်ညွှန်ကြားမှု လိုအပ်နေတဲ့ သူမျိုးကို ကိုယ့်ရဲ့ ချစ်သူရည်းစားအဖြစ် တော်ချင်ပါ့မလား။
၃။ ဂိုင်းစတား
တစ်ကိုယ်လုံး တက်တူးအပြည့်ထိုး၊ လူမိုက်စတိုင်နဲ့ ဓားတောင် အမြဲ ဆောင်ချင်ဆောင်ထားလိမ့်ဦးမယ်။ တွေ့ကရာလူနဲ့ ရန်ဖြစ်မယ်။ ကားပြိုင်မောင်းမယ်။ အဲလိုလူမျိုးတွေက တစ်ခုထဲမှာ ကြာကြာ အာရုံစိုက်တတ်သူတွေမဟုတ်ဘဲ ငြီးငွေ့လွယ်သူတွေလည်း ဖြစ်ပြန်တယ်။
၎။ မြာပွေသူ
အပြောကောင်း၊ သဘောကောင်း၊ ရုပ်ရှိ ရေလျှံသူ။ ပြဿနာက သူတို့တွေက မိန်းမတစ်ယောက်တည်းနဲ့ တင်းတိမ်တတ်သူတွေ မဟုတ်ဘူး။ သူ့ဘေးမှာ ရှိခွင့်ရတာ သင့်အတွက် ခဏတာ ပျော်ရွှင်ရမှာ မှန်ပေမဲ့ သင်က သူ့ရဲ့မြောက်မြားလှစွာသော မိန်းကလေးတွေထဲက တစ်ယောက်သာ ဖြစ်တယ်။
၅။ ကိုယ်နဲ့ လုံးဝအကျင့်စရိုက်၊ အတွေးအခေါ်မတူသူ
ဆန့်ကျင်ဘက်အရာနှစ်ခုဟာ ဆွဲငင်တတ်တာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်တူကိုယ်တူမရှိဘဲ ဘယ်လို ရေရှည်ဖြစ်မှာလဲ။
၆။ အလှအပမက်မောလွန်းသူ
ခန္ဓာကိုယ် ကြည့်ကောင်းဖို့ အားကစားလုပ်တာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ အသားအရေလှပဖို့၊ ပြိုင်ပွဲတွေဝင်ဖို့၊ ဟော်မုန်းဆေးတွေသောက်ဖို့ အချိန်ကုန် ငွေကုန်ခံလွန်းရင်းတော့ အလှအပမက်မောလွန်းသူ ဖြစ်နေပါပြီ။ မိန်းကလေးထက်ပိုပြီး လှချင်ပချင်လွန်းသူကို ကိုယ့်ရဲ့ လက်တွဲဖော်အဖြစ် လက်ခံချင်သူ ရှိမယ် မထင်ဘူး။
၇။ ငပျင်း
ရုပ်ကလေးက ချစ်စရာကောင်းရင်တော့ မိန်းကလေးတွေ သဘောကျကြမှာပေါ့။ ဒါပေမဲ့ အဲဒီလိုလူမျိုးက ဒိတ်လုပ်ဖို့၊ ငွေရှာဖို့၊ ချစ်သူဂုဏ်တက်အောင်လုပ်ဖို့ လုံ့လစိုက်ထုတ်ချင်သူတွေ မဟုတ်ဘူး။
၈။ ရည်းစားဟောင်း
တစ်ခါပြတ်ဖူးတယ်ဆိုကတည်းက သူက သိပ်အချိုးမပြေလှတဲ့ သူမျိုးမို့လို့ပေါ့။ ပြန်တွဲလည်း ရေရှည်အဆင်ပြေမှာ မဟုတ်တာ သေချာပါတယ်။
၉။ ခရီးထွက်လွန်းသူ
သူ သင့်ဆီလာတဲ့အချိန်မှာ သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြတာကို နားထောင်ရတာ ပျော်စရာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီလူက နေရာအတည်တကျ ရှိသူ မဟုတ်တော့ အခြားနေရာတွေမှာလည်း ရည်းစားရှိချင်လည်း ရှိနေနိုင်တယ်။ စိုးရိမ်စိတ်တွေနဲ့ သင် ရှင်သန်ချင်ရဲ့လား။
၁၀။ မေမေ့သား
အမေကို အရမ်းကို တွယ်တာလွန်းတဲ့သားတွေက နူးညံ့ပြီး ချစ်ဖို့ကောင်းတာ မှန်ပါတယ်။ ဒါပေမဲ့ အရာရာမှာ အမေ့ကိုပဲ အားကိုးအောင် ပြုစုပျိုးထောင် ခံထားရသူဖြစ်တယ်။ သူတို့နှစ်ယောက်ကြားကို သင်ဝင်ဖို့က တော်တော်လေးခက်ခဲပြီး စိတ်ရှုပ်ရမယ့်ကိစ္စပါ။
Source & Photos : Life
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment