Saturday, March 12, 2016
"ချစ်သူဆိုတာ"
"ချစ်သူဆိုတာ"
ချစ်သူဆိုတာ ကမ္ဘာ့အချောလှဆုံး မိန်းကလေးမဟုတ်ဘူး။ သင့်အပေါ် ဆိုးနွဲ့သလိုလိုနဲ့ မိုးချုပ် အိမ်ပြန်မရောက်သေးတဲ့အခါ မြန်မြန်ပြန်ဖို့ သတိပေးတတ်တဲ့ သနပ်ခါး ပါးကွက်ကြားလေးလည်း ဖြစ်နိုင်တယ်။
ချစ်သူဆိုတာ ကမ္ဘာ့အကောင်းမွန်ဆုံး ယောက်ျားလေးမဟုတ်ဘူး။ သင့်အပေါ် ရိုးမြေကျစိတ်နဲ့ သစ္စာထားနိုင်တဲ့ ညစ်ကျယ်ကျယ် ကောင်လေးတစ်ယောက်လည်း ဖြစ်နိုင်တယ်။
အကောင်းဆုံး ချစ်သူဆိုတာ အမြင်တတ်ဆုံး လူဆီမှာ ရှိပါတယ်။
စိန်ကို တန်ဖိုးကြီးတယ်လို့ သတ်မှတ်ခဲ့လို့ တန်ဖိုးကြီးနေရတာပါ။ မဟုတ်ရင်တော့ အရောင်လက်လက် ကျောက်ခဲလေးတစ်လုံး ဆိုတာထက် ပိုခဲ့မှာမဟုတ်ဘူးလေ။
သတ်မှတ်ခြင်းက အဓိကကျနေတဲ့ ဒီကမ္ဘာမှာ
သင့်ချစ်သူရဲ့ တန်ဖိုးဆိုတာ သူတစ်ပါး မျက်လုံးတွေပေါ်မှာ တွက်ချက်ရတာ မဟုတ်ပါဘူး။ သင့်နှလုံးသားပေါ်မှာ အရာရာ အဖြေထုတ်ရခြင်း ဖြစ်ပါတယ်။
(Pan)
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment