Monday, March 14, 2016
"ဇာတ်ဆရာအလိုကျ"
"ဇာတ်ဆရာအလိုကျ"
အရာအားလုံးဟာ ရေစက်ပါလို့ ဆုံခဲ့ကြတာပါဆိုရင် မင်းနဲ့ငါရဲ့ ရေစက်က ဘာလို့ တ၀က်တပျက်မှာ လမ်းခွဲဘို့ ဖြစ်လာရတာလဲ။
အင်းလေ… ဒါတွေဟာ ကံဇာတ်ဆရာရဲ့ ကြိုရေးထားပြီးသား ပြဇာတ်တစ်ပုဒ်ဆိုတော့လည်း သူလွမ်းခိုင်းရင် လွမ်း၊ သူကြမ်းခိုင်းရင် ကြမ်းလို့ သူကခိုင်းတဲ့အတိုင်း ကလိုက်တော့မယ်။
နင်ငါ့ကို မေ့သွားတာ ဇာတ်ဆရာအလိုကျဆိုရင် တစ်စုံတစ်ယောက်ကို မေ့နိုင်ဘို့အရေး အတော်လေး ကြိုးစားနေရသူကလည်း ဇာတ်ဆရာ အလိုကျပဲပေါ့ကွယ်။
ငါ့ဘ၀နေပျော်ဘို့ ဇာတ်ဆရာဆိုတဲ့သူ မေ့နေတာတော့ မဖြစ်တန်ကောင်းပါဘူး။ တစ်နေ့နေ့တော့ ငါ့အတွက် ပျော်ရွှင်ဖွယ်ရာတွေ သူဖန်တီးပေးလိမ့်မယ် ထင်ပါတယ်။
အဲဒီတစ်နေ့နေ့ကို ရောက်ဘို့ သူကခိုင်းတာ မညည်းမညူကရင်း သူ့အလိုကျ နေပြလိုက်အုံးမယ်ကွယ်။
တကယ်တော့ အရာအားလုံးဟာ ဇာတ်ဆရာ အလိုကျပါပဲ။
Credit: Pote Pote
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment