Friday, March 11, 2016
"အဆိုးဆုံးလမ်းခွဲနည်း (၁၀) မျိုး"
"အဆိုးဆုံးလမ်းခွဲနည်း (၁၀) မျိုး"
တစ်ချို့သောသူတွေဟာ ကိုယ်လက်ရှိတွဲနေတဲ့သူကို စိတ်ကုန်လာတဲ့အခါမှာ အကြောင်းအမျိုးမျိုး ပြကာ လမ်းခွဲတတ်ပါတယ်။ ဒီပြဿနာမျိုးဆိုတာ ဖြစ်နိုင်ရင် နှစ်ဦးသဘောတူညီဖို့ လိုအပ်ပြီး တစ်ဖက်သက် လမ်းခွဲလိုက်တာမျိုးဟာ ခေတ်စကားအရ ပြောရရင် သစ်စိမ်းချိုး ချိုးတယ်ပေါ့။ အမြင်ရဆိုးတဲ့ သစ်စိမ်းချိုးတဲ့ အလေ့အထ (၁၀) ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ရန်ပွဲတစ်ခုကို ဖန်တီးခြင်း
အပြစ်မရှိ အပြစ်ရှာပြီး ရန်ဖြစ်ချင်းကတော့ နှစ်ဘက်စလုံး ထိခိုက်စေတဲ့ နည်းလမ်းပါ။ အခန့်မသင့်ရင် လူသေမှု လူသတ်မှုကို ဖြစ်စေနိုင်ပါတယ်။ အန္တရာယ်ရှိပြီး အရက်စက်ဆုံး နည်းလမ်းလို့တောင် ပြောလို့ရပါတယ်။
၂။ ကဗျာဆန်တဲ့ညမှာ အသည်းခွဲတာ
များသောအားဖြင့် ချစ်သူများနေ့လို ချစ်ခင်ဖွယ် ညမျိုးတွေမှာ လူတွေရဲ့စိတ်ဟာ အချစ်စိတ်နဲ့ မြူးတူးနေပါတယ်။ ချစ်သူတွေအတွက်တော့ အခါကြီးညကြီးပေါ့လေ။ ဒီလို အမှတ်တရနဲ့ ပျော်ရွှင်ရမယ့် ညချမ်းမျိုးမှာ ကိုယ့်ကို ချစ်နေတဲ့သူကို လမ်းခွဲလိုက်ဖို့ဆိုတာ တော်ရုံအသဲမာရုံနဲ့တော့ မရပါဘူး။
၃။ အရမ်းချစ်နေကြချိန်မှာ လမ်းခွဲတာ
တစ်ခါတလေ အခြေအနေအရ အရမ်းချစ်ရဲ့သားနဲ့ တစ်စုံတစ်ခုရဲ့ ဖိအားကြောင့် ဆက်လက်ပြီး လက်မတွဲနိုင်တော့တဲ့ အခြေအနေမျိုးကြောင့် ချစ်သူကို အတင်း ဖြတ်ပစ်လိုက်ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကလည်း ဘာအကြောင်းပြချက်ပဲဖြစ်ဖြစ် တော်တော် အသဲချင်း မစာနာတဲ့ လုပ်ရပ်လို့ ဆိုရမှာပါ။
၎။ စာနဲ့ရေးပြီး လမ်းခွဲတာ
လမ်းခွဲပြီဆိုမှတော့ ကိုယ်ပြချင်တဲ့ အကြောင်းပြချက်နဲ့ ကိုယ့်အတ္တကို ဦးစားပေးပြီးသား ဖြစ်ပါတယ်။ နှုတ်နဲ့ လမ်းခွဲတယ်ဆိုရင်တောင်မှ တစ်ဘက်သားရဲ့ ဖြေရှင်းချက်ကို နားထောင်ပြီး အဖြေပြောင်းသွားနိုင်ပေမယ့် စာနဲ့ လမ်းခွဲတာကတော့ တစ်ဖက်သားရဲ့ ခံစားချက်နဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်ခြင်းပါဘဲ။
၅။ တစ်စုံတစ်ယောက်ကို လမ်းခွဲကြောင်း တစ်ဆင့်ပြောခိုင်းတာ
ဒါကလည်း စာပေးပြီး ဖြတ်တာနဲ့ မထူးပါဘူး။ ဘယ်လိုမှ ဖြေရှင်းချက် ပေးလို့မရတဲ့ အခြေအနေပါ။ စာလာပေးသူက သဘောထား ဖြောင့်စင်းရင်တော့ အယူခံဝင်လို့ရတဲ့ စကားလေး လက်ဆောင်ပြန်ပါးလို့ရလို့ နည်းနည်းတော့ မျှော်လင့်ချက် ရှိပါတယ်။ ဒါပေမယ့် လုံးဝ မလုပ်သင့်တဲ့အရာပါ။
၆။ အမူအယာအရ လမ်းခွဲကြောင်း ပြတာ
ချစ်သူတွေဘ၀မှာ အနာကျင်ရဆုံးက ကိုယ်နဲ့ လက်တွဲနေတဲ့သူက ကိုယ့်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ စကားမပြောတော့တာ အဆက်အဆံ မလုပ်တော့တာပါဘဲ။ ဒါမျိုးကိုကျတော့ အသံတိတ်သေနက်နဲ့ ပစ်သလို ဘာကို ဖြေရှင်းပြရမှန်းမသိဘဲ စိတ်ဒုက္ခ ရောက်စေပါတယ်။
၇။ လူရှေ့သူရှေ့မှာ လမ်းခွဲတာ
တော်တော် လူမဆန်တဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်ချစ်နေတဲ့သူမှာ လမ်းခွဲလိုက်လို့ အသဲနာပြီး ဆောက်တည်ရာ မရသေးတာတစ်ကြောင်း လူရှေ့သူရှေ့မှာ ပုံပျက်ပန်းပျက်နဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်တာတစ်ကြောင်း တော်တော် သနားစရာကောင်းတဲ့ အဖြစ်ပါ။
၈။ လှုမှုကွန်ယက်မှာ လမ်းခွဲတာ
ဒီပုံစံကတော့ အခုခေတ်မှာ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ အရာပါ။ တစ်ချို့ဆို အသဲခွဲတမ်း ကစားနေသလားတောင် အောင့်မေ့ရတဲ့အထိ အသဲခွဲပက်စက်ပါတယ်။ ဒါဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အောက်တန်းကျမှုနဲ့ ကိုယ်ချင်းစာတရားကင်းမှု၊ အသိဉာဏ်နည်းပါးမှုကို လူထုကို မောင်းခတ် ကြေငြာတဲ့သဘောလို့ပဲ လူတွေက မှတ်ယူပါတယ်။
၉။ နောက်တစ်ယောက်နဲ့တွဲပြီး လမ်းခွဲတာ
ဒါကတော့ ယုတ်မာတဲ့ အဆင့်လို့တောင် သက်မှတ်လို့ရပါတယ်။ တစ်ယောက်ကို အသဲခွဲချင်တာနဲ့ အခြား တစ်ယောက်ကို ခုတုံးလုပ်ပြီး အသဲခွဲတာမျိုးဟာ အောက်တန်းကျတဲ့ လူတစ်ယောက်ရဲ့ အပြုအမူဖြစ်ပြီး နားလည်ခွင့်လွှတ်ဖို့တော့ တော်တော်လေး သည်းခံနိုင်သူမှ ဖြစ်ပါလိမ့်မယ်။
၁၀။ ခြိမ်းခြောက်ဉာဏ်ဆင်ပြီး လမ်းခွဲတာ
ကိုယ် သူ့ကို မတွဲချင်တော့တာ မပေါင်းချင်တော့တာနဲ့ ကိုယ်တိုင်ပဲဖြစ်စေ၊ အခြားသူတွေကို အခကြေးငွေပေး၍ဖြစ်စေ သူရဲ့ အသက်အန္တရာယ်ကို ခြိမ်းချောက်ပြီး လမ်းခွဲခြင်းဟာလည်း လုံးဝ မဖြစ်သင့်တဲ့ အပြုအမူ ဖြစ်ပါတယ်။
နတ်စည်တော် (ShweMOM)
Credit: SHWEMOM
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment