Sunday, March 13, 2016

"မိန်းမတစ်ယောက်ရဲ့ ဘယ်အရာတွေကို ယောက်ျားတစ်ယောက်က အရင်ဆုံး သတိပြုမိပါသလဲ"


"မိန်းမတစ်ယောက်ရဲ့ ဘယ်အရာတွေကို ယောက်ျားတစ်ယောက်က အရင်ဆုံး သတိပြုမိပါသလဲ"

ယောက်ျားတိုင်းမှာ မိန်းမတစ်ယောက်ကို တွေ့တဲ့အခါ သတိပြုမိလေ့ရှိတဲ့ အရာတွေက  တူညီလေ့ရှိပါတယ်။ ဦးနှောက်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်ကြောင့် ဘယ်လိုယောက်ျား အမျိုးအစားဖြစ်ပါစေ မိန်းမတစ်ယောက်ကို ပထမဆုံး တွေ့တဲ့အချိန်မှာ သတိအပြုမိဆုံး အရာတွေက အများအားဖြင့် ထပ်တူပါပဲ။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ ထူးခြားတဲ့ သတိထားမှုလေးတွေကို မိန်းကလေးတွေ သိထားနိုင်ဖို့အတွက် ဖော်ပြပေးချင်ပါတယ်။

ဆံပင်
မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ကို ကြည့်ပြီး အဲ့ဒီမိန်းကလေးက သူ့ကိုယ်သူ ဘယ်လို ထိန်းသိမ်းလဲဆိုတာ အများကြီး သိနိုင်သလို ယောက်ျားလေးတွေ အရင်ဆုံး သတိပြုမိတဲ့ အရာဖြစ်ပါတယ်။

ကိုယ်လုံး ကိုယ်ပေါက်
မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားက လူအများကြီးထဲကနေ တစ်ယောက်ထဲ ခွဲထုတ်ပြီး ပြသလို ပြနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ကို သတိထားမိစေတာ ကိုယ်လုံးကိုယ်ပေါက် ဆိုရင် မမှားနိုင်ပါဘူး။

နှုတ်ခမ်း
ယောက်ျားတွေကို မိန်းမတွေရဲ့ ပထမဆုံး ဆွဲဆောင်နိုင်တဲ့ အရာက နှုတ်ခမ်းပဲ ဖြစ်ပါတယ်။

ဖိနပ်
မိန်းမတစ်ယောက်မှာ ယောက်ျားတွေ သတိပြုမိတဲ့အရာက ဖိနပ်ဆိုတာကို ယုံကြည်ဖို့ ခက်ခဲကြနိုင်ပေမဲ့ ဒါက အမှန်တရားပါပဲ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်တွေ စီးလေ့ရှိတယ်လို့ ယူဆထားတဲ့သူတွေ အများကြီးရှိပါတယ်။

မျက်လုံး
မိန်းမတစ်ယောက်ရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံထက် ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ညှို့ငင်နိုင်တဲ့ အရာမရှိပါဘူး။

အပြုံး
မိန်းကလေးတစ်ယောက်ရဲ့ အပြုံးက ယောက်ျားတစ်ယောက်ကို ပစ်ကျသွားစေနိုင်တဲ့ အကြီးမားဆုံး လက်နက်ပဲ ဖြစ်ပါတယ်။

ရင်သား
ယောက်ျားလေးက မိန်းကလေးတစ်ယောက်ရဲ့ ရင်သားကို သတိမပြုမိပါဘူးလို့ ဆိုခဲ့ရင် အကြီးမားဆုံး လိမ်ညာမှုပဲ ဖြစ်မှာပါ။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment