Sunday, March 13, 2016
"ငါ့ရဲ့အချစ်"
"ငါ့ရဲ့အချစ်"
အချိန်ကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက် ဖြစ်သွားရအောင် အချစ်ဆိုတာ သီချင်းတစ်ပုဒ်၊ စာတစ်အုပ်လို ခဏတာ ဖျော်ဖြေမှုမှ မဟုတ်တာ။
ရယူခြင်း၊ ပေးဆပ်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်ခြင်း ဘယ်လိုဖွင့်ဆိုမှုမျိုးမှ မပါပဲ ချစ်လို့ပဲ ချစ်ခဲ့တာ။
ငါ့ဘ၀အတွက် နင်ရှိဖို့လိုတယ် ဆိုတဲ့ စကားတစ်ခွန်းအတွက် တားမြစ်စကားတွေကို ဆန့်ကျင်၊ နင့်စိတ်တစ်ခုတည်းကိုပဲ အမှန်ထင်ခဲ့တဲ့ ငါ။ နေခဲ့ပါလို့တောင် မပြောပဲ ပစ်စလက်ခတ် ထွက်သွားတော့လဲ အကြောင်းပြချက် တစုံတရာမမေး ကျေကျေနပ်နပ် ကျန်နေပေးခဲ့သူပါ။
အ လို့ချစ်တာ မဟုတ်ပါဘူး။ စူးစူးနစ်နစ် ချစ်မိတဲ့ အချစ်အတွက် ဖြူစင်ရိုးသားစွာ ဖြည့်ဆည်းပေးချင်နေတာ ငါ့နှလုံးသားရဲ့ သစ္စာပါ။
Credit: Pote Pote
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment