Thursday, March 10, 2016
"ကိုယ်ခိုက်နေတဲ့ ကောင်မလေးကို Message ပို့ပြီးQ နည်း"
"ကိုယ်ခိုက်နေတဲ့ ကောင်မလေးကို Message ပို့ပြီးQ နည်း"
ကောင်မလေးတစ်ယောက်ကို ခိုက်နေတယ်။ ဖုန်းနံပါတ်လည်း ရပြီးပြီ။ Facebook အကောင့်လည်း သိပြီ။ ဒါပေမယ့် ဘယ်ကစပြီး Message ပို့ရမလဲမသိ ဖြစ်နေတယ် ဆိုတဲ့သူများအတွက် အောက်ပါ အကြံဥာဏ်လေးတွေက အသုံးဝင် ပါလိမ့်မယ်။
၁။ Message ပို့ဖို့ အကောင်းဆုံးအချိန်
Message ပို့လို့ အကောင်းဆုံးအချိန်ကတော့ ညအချိန် ဖြစ်ပါတယ်။ ညအချိန်မှာ မိန်းကလေးတွေဟာ တိတ်ဆိတ်လာတာနဲ့အမျှ သက်တောင့်သက်သာ ရှိလှပြီး ပိုပြီး ယဉ်ကျေးပြူငှာတတ်ပါတယ်။ ဒါ့အပြင် တစ်ခြားနည်းလမ်းကနေ တွေးရင်လည်း လူတိုင်းနီးပါး ညအချိန်ဆို အားတတ်ပါတယ်။
၂။အလိုက်သိပါ
သူဟာ တစ်ခြားသူငယ်ချင်း တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောနေတယ်၊ သို့မဟုတ် Busy ဖြစ်နေတယ်ဆိုတာကို သင်က တစ်နည်းနည်းနဲ့ သိရင် အဲဒီလိုအချိန်မျိုး မက်ဆေ့ မပို့ပါနဲ့ဦး။ ခဏလောက်စောင့်ပြီး သူ အားသွားတယ်လို့ ယူစရချိန်ရောက်မှ ပို့ပါ။
၃။သူစာပြန်မှ ကိုယ်စာထပ်ပို့ပါ
ပထမ မက်ဆေ့ပို့ထားတယ်။ သူက CB ထဲမှာ စာရိုက်နေတာကို သင့်ဘက် သိတယ်ဆိုရင် အခြားမက်ဆေ့ ထပ်ပို့ဖို့ မလိုသေးပါဘူး။ ဒီလိုမဟုတ်ပဲ သူက စာပြန်ဖို့ စာရိုက်နေတဲ့အချိန် သင်က နောက်မက်ဆေ့အတွက် စာကြိုရိုက်နေတယ်ဆိုရင် သူ ပြန်ဖြေမယ့် စကားဟာလည်း ပြီးစလွယ် ဖြစ်သွားတတ်ပါတယ်။ ဒီတော့ စာပြန်ဖို့ အချိန်ပေးထားပါ။
၎။ ပထမဆုံးပို့မယ့် မက်ဆေ့ရဲ့ အင်္ဂါရပ်
ပထမဆုံးပို့မယ့် မက်ဆေ့မှာ ရိုးရိုးလေးနဲ့ ထိရောက်တဲ့နည်းလမ်းကို သုံးရပါမယ်။ အကောင်းဆုံးကတော့ “ဟယ်လို မင်္ဂလာညချမ်းပါနော်” ဆိုတဲ့ ပုံစံလေးနဲ့ ယဉ်ယဉ်လေး စပြီးဝင်တာ ထိရောက်ပါတယ်။
၅။ စာ မရှည်ပါစေနဲ့
နောက်ပို့မှာ အပြန်အလန်စကားတွေအတွက် ၀ါကျအရှည်ကြီးတွေ မရေးပါနဲ့။ မေးလိုက် ဖြေလိုက် လုပ်လို့ကောင်းမယ့် စကားလုံးတွေကိုပဲ သုံးပါ။ ညစ်ညမ်းတဲ့ စကားကို လုံးဝ မသုံးပါနဲ့။
၆။ သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို စိတ်ဝင်စားကြောင်း သိပါစေ
လူတစ်ယောက်ကို ချဉ်းကပ်ဖို့အတွက် အခြေခံအချက်က သူ့ကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာ သူသိဖို့ လိုအပ်ပါတယ်။ ဒီတော့ အကြောင်းတိုက်ဆိုင်တာနဲ့ သူကို ဂရုစိုက်ကြောင်း ပေါ်လွင်အောင် ပြောပါ။
၇။ အမည်ပြောင်ပေးပါ
အမည်ပြောင် ပေးထားခြင်းကလည်း သူ့စိတ်ထဲမှာ သင့်ကို စွဲစွဲမြဲမြဲ မှတ်မိစေပါတယ်။ ဒီလို အမည်ပြောင် ပေးလိုက်ခြင်းကြောင့်လည်း ပိုပြီး ရင်းနီးမှုတွေ ရလာပါလိမ့်မယ်။ ဒါပေမယ့် မခံမရပ် ဖြစ်စေနိုင်တဲ့ အမည်မျိုးတော့ မပေးပါနဲ့။ ချစ်စရာကောင်းတဲ့ အမည်ပြောင်ပေါ့နော်။
၈။ အမြဲတမ်း နောက်ပြောင်တာမျိုး မလုပ်ပါနဲ့
တစ်ခါတလေတော့ အစမ်းသဘောမျိုး နောက်ပြောင်သင့်ပါတယ်။ ဒါကို သူက သဘောကျနှစ်ခြိုက်တယ်ဆိုရင် သင် ရယ်စရာ ပုံပြင်လေးတွေ၊ စာသားလေးတွေ ကြိုတင်စုဆောင်းထားဖို့ လိုအပ်ပြီး အလျှဉ်းသင့်တာနဲ့ သူမကို ပျော်အောင် လုပ်ပေးပါ။
၉။ စိတ်ဝင်စားကြောင်းကို ရိုးရိုးလေး ပြောပါ
အကောင်းဆုံးကတော့ ချစ်သူများနေ့လို အထိန်းအမှတ်နေ့မျိုးဆို ပိုကောင်းပါတယ်။ သူမရဲ့ အချစ်စိတ်ကို ရတန်သလောက် နှိုးစွပြီးတော့ “အတူတူ ရှိနေချင်မိတယ်” တို့ ဘာတို့ ပြောကြည့်ပါ။ သူမဘက်က ခပ်ဆက်ဆက် တုန့်ပြန်ရင်လည်း “မဟုတ်ဖူးလေ ခင်တာ ကြာနေပြီဆိုတော့ သူငယ်ချင်းအနေနဲ့ အတူတူ ရှိချင်တာ” ဆိုပြီး ရောချပေါ့။
၁၀။ ဆန္ဒကို သိရင် ပြောသင့်တာတွေ ပြောပါ
ကောင်မလေးက ကိုယ့်ကို လိုလိုချင်ချင် ပြန်ပြောနေတယ်၊ တဖြည်းဖြည်း ပွင့်လင်းလာပြီဆိုရင် ပြောသင့်တာတွေကို ပြောရမယ်။ သူ့ဘက်က ရေလာမြောင်းပေး လုပ်တယ်ဆိုရင်တော့ ကိုယ့်လူ လက်မနှေးပါနဲ့။ ရေးသင့်တာ ရေးပို့ အမြန်ဆုံး အပြင်မှာတွေ့ဖို့ ကြံပေတော့ဗျာ။
နတ်စည်တော် (ShweMOM)
Credit: ShweMOM
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment