Thursday, March 10, 2016
"မိန်းကလေးတစ်ယောက် စကားမပြောဘဲနေခြင်းက အဓိပ္ပါယ် အမျိုးမျိုးရှိတယ်ဆိုတာ ယောက်ျားတွေ သိဖို့လိုပါတယ်"
"မိန်းကလေးတစ်ယောက် စကားမပြောဘဲနေခြင်းက အဓိပ္ပါယ် အမျိုးမျိုးရှိတယ်ဆိုတာ ယောက်ျားတွေ သိဖို့လိုပါတယ်"
မိန်းမတစ်ယောက် စကားတွေ တတွတ်တွတ် ပြောနေတဲ့အချိန်ထက် ပိုဆိုးတဲ့ အချိန်တစ်ချိန်ပဲ ရှိပါတယ်။ အဲ့ဒီအချိန်ကတော့ စကားမပြောတဲ့ အချိန်ပဲဖြစ်ပါတယ်။ စကားမပြောဘဲနေခြင်းက မျက်ရည်ကျတာနဲ့ နားပူနားဆာ လုပ်တာတွေလိုပဲ မိန်းမတစ်ယောက်ရဲ့ လက်နက်တိုက်ထဲက အကြီးဆုံး လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။ စကားမပြောဘဲနေလို့ ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်ပါနဲ့။ စကားမပြောပေမဲ့ ပြောတာထက် နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေရှိတာကို ယောက်ျားလေးတွေ သိဖို့လိုပါတယ်။ ဒီအဓိပ္ပါယ်တွေကတော့-
ကျွန်မဒေါသကို ကျွန်မဘာသာ မထိန်းရင် မပြောသင့်တာတွေပါ ပြောမိတော့မယ်။
စိတ်တိုစိတ်ဆတ်တဲ့ အမျိုးသမီးတွေအတွက် ရန်ဖြစ်ပြီး ထုတ်ပြောလိုက်ပြီးပေမဲ့ ဒီ့ထက်ပိုဆိုးတဲ့ စကားတွေပြောချင်နေသေးတာကို ကိုယ့်ဘာသာ ထိန်းထားနေရတဲ့ ပုံစံဖြစ်ပါတယ်။
ပျော်နေတဲ့ အချိန်လေးပျက်သွားမှာစိုးလို့ ရှင့်ကို ဘာမှ မပြောတော့ဘူး။
နှစ်ဦးသား ကြည်ကြည်နူးနူး ရှိနေတဲ့အချိန် ယောက်ျားလေးဘက်က အမှားလေးတစ်ခု လုပ်မိလိုက်ပေမဲ့ လျှော့ပေးလိုက်ပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
ရှင်တော့ အမှားအကြီးကြီး လုပ်ခဲ့တာပဲ။
အော်ဟစ် ငိုယိုပြီးသွားတဲ့အခါမှာ ယောက်ျားလေးဘက်က ပိုကောင်းမယ့် အကြောင်းပြချက် ပေးနိုင်ဦးမလားလို့ အချိန်ပေး စောင့်ကြည့်တဲ့သဘော ဖြစ်ပါတယ်။
ကျွန်မ မပြောဘဲ ရှင့်အသိစိတ်လေးနဲ့ လုပ်ဖို့လိုတယ်လေ။
မိန်းကလေးတွေအနေနဲ့ အသေးအဖွဲလေးတွေကစပြီး သတိပေး ပြောဆိုနေရတာကို စိတ်ကုန်လာတဲ့အတွက် မပြောဘဲ သိစေချင်တဲ့ သဘောဖြစ်ပါတယ်။
ဘာမှ မပြောချင်လောက်အောင် စိတ်ဓာတ်ကျနေပြီ။
အမျိုးသားကို လုံးဝမကြည့်တော့သလို ရန်ဖြစ်တာလည်း လုံးဝမလုပ်တော့ဘဲ စကားလုံးဝမပြောတော့ဘူးဆိုရင် တော်တော်ကို ခါးသီးတဲ့ ခံစားမှုဖြစ်နေတာကို ပြတာဖြစ်ပါတယ်။
ရှင် အိမ်ရောက်မှ သိမယ်။
မိန်းကလေးတွေအနေနဲ့ လူကြားထဲမှာ ကိုယ့်အမျိုးသားကို အရှက်ခွဲသလို ဖြစ်မှာစိုးတဲ့အတွက် မကျေနပ်ကြောင်း မျက်လုံးနဲ့သာပြပြီး အိမ်ကျမှ ဒီအကြောင်း ဆက်ရှင်းကြမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment