Thursday, March 10, 2016
"အသက် (၅၀) မရောက်ခင်မှာ လုပ်ခဲ့သင့်တဲ့ အလုပ် (၂၅) ခု"
"အသက် (၅၀) မရောက်ခင်မှာ လုပ်ခဲ့သင့်တဲ့ အလုပ် (၂၅) ခု"
အသက် (၅၀) ရောက်ပြီဆိုရင် လူ့သက်တမ်းအရ အရွယ်အိုချိန်ကို စတင်ချင်းနှင်း ၀င်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတော့ ကျန်ရှိတဲ့ သက်တမ်းမှာ စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေ ရှိပါတယ်။ အသက် ၅၀ အရွယ်ကို ရောက်တော့မယ့် ဦးဦး ဒေါ်ဒေါ်တို့များ ရှိနေခဲ့ရင်၊ ဒါမှမဟုတ် သူတို့နဲ့ ဆွေမျိုးတော်စပ်ရင် အောက်ပါအချက် (၂၅) ချက်ကို အကြံပြုပေးကြပါလို့။
၁။ စိတ်ကြိုက် Band တစ်ခုရဲ့ Live Show ကို ကြည့်ဖြစ်အောင် ကြည့်ပါ။
၂။ အတိတ်က မမေ့နိုင်သူကို မေ့လိုက်ပါတော့။
၃။ ကောင်းကျိုးမပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ပါ။
၎။ အားလပ်ရက်မှာ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ဆုံတွေ့ပါ။
၅။ တစ်ကိုယ်ရေ အပန်းဖြေခရီး ထွက်ပါ။
၆။ မိဘတွေရဲ့ စေတနာအမှားတွေကို အပြည့်အ၀နားလည်ဖို့ ကြိုးစားပါ။
၇။ စိတ်ပင်ပန်းမှုတွေကို စာအုပ်မှာ ရက်စွဲနဲ့ မှတ်သားပါ။
၈။ တကယ်လိုအပ်တဲ့ဆီကို လှူဒါန်းမှုတွေ တတ်နိုင်သလောက် လုပ်ပါ။
၉။ လူကြိုက်များတဲ့ စာအုပ်တွေကို ဖတ်ပါ။
၁၀။ ပရဟိတတစ်ခုခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ကုသိုလ်ယူပါ။
၁၁။ စိတ်ကြိုက် ရုပ်ရှင်ဇာတ်ကားတွေကို ဆန္ဒရှိသလောက် ကြည့်ပါ။
၁၂။ ရုပ်ပိုင်းဆိုင်ရာ ဇရာရဲ့ စိန်ခေါ်မှုကို ကြည်ဖြူစွာ လက်ခံပါ။
၁၃။ မနှစ်သက်တဲ့ အလုပ်ဆို ချက်ချင်း ထွက်လိုက်ပါ။
၁၄။ အသိပညာရှင်တွေရဲ့ ဆုံးမစကားတွေကို လိုက်နာပါ။
၁၅။ နေ၀င်ချိန်အလှကို ကြည့်ဖြစ်အောင် ကြည့်ပါ။
၁၆။ ကာလရှည်ဆွဲမြဲခဲ့တဲ့ အကြောက်တရားကို တိုက်ခိုက်ဖို့ပြင်ပါ။
၁၇။ ကိုယ်လုပ်ချင်ရာကို အကောင်ထည်ဖော်ပါ။
၁၈။ မိသားစုဝင်တွေကို ဘယ်လောက်ချစ်ကြောင်း တဖွဖွ ပြောပါ။
၁၉။ သစ်ပင်စိုက်ပါ။
၂၀။ သမိုင်းဝင်နေရာတွေကို ခရီးသွားပါ။
၂၁။ မိဘတွေဆီကို ပန်းစည်းလက်ဆောင် ပို့ပေးပါ။
၂၂။ ကြယ်တွေအများကြီး ဖူးနေတဲ့ ညကို ထိုင်ကြည့်ပါ။
၂၃။ မကောင်းတဲ့ အကျင့်ကို လုံးဝ စွန့်လွှတ်ပါ။
၂၄။ ဟာသစာအုပ်တွေ များများ ဖတ်ပါ။
၂၅။ ကိုယ် ဘာဖြစ်တယ်ဆိုတာကို မေ့ထားလိုက်ပြီး ဘ၀အသစ်နဲ့ စတင်ပါ။
နတ်စည်တော် (ShweMOM)
Credit: SHWEMOM
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment