Tuesday, March 1, 2016

"တစ်စုံတစ်ယောက်ကို အမြန်ဆုံး မေ့ပစ်နိုင်မယ့် နည်းလမ်း (၃) ခု"


"တစ်စုံတစ်ယောက်ကို အမြန်ဆုံး မေ့ပစ်နိုင်မယ့် နည်းလမ်း (၃) ခု"

တစ်စုံတစ်ယောက်ကြောင့် နာကျင်ခံစားရတဲ့အခါ အားလုံး ဆုံးရှုံးသွားရသလို ခံစားရတက်ကြပါတယ်။

Relationship  တစ်ခုရဲ့ အဆုံးသတ်မှာပဲဖြစ်ဖြစ်၊ အခြား အကြောင်းအရာကြောင့်ပဲ ဖြစ်ဖြစ် နာကျင်ခံရစားကြရတဲ့အခါ လူတွေက တစ်စုံတစ်ယောက်ကို မေ့ပစ်ချင်ကြပါတယ်။ တစ်စုံတစ်ယောက်ကို ဘဝထဲက ချက်ခြင်းထုတ်ပစ်ပြီး မေ့ပစ်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။

ဒါပေမယ့် အောက်ပါနည်းလမ်းတွေဟာ တစ်စုံတစ်ယောက်ကို မေ့ပစ်ဖို့  အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေပါပဲ။

၁။ သူနဲ့ ပတ်သတ်သမျှ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားပါ
က) သူနဲ့ တွေ့နိုင်တဲ့ နေရာတွေရှောင်ပါ။ သူရှိတက်တဲ့နေရာတွေ ဒီကာလမှာ မသွားမိပါစေနဲ့။
ခ) အွန်လိုင်းမှာလည်း မတွေ့အောင် ကြိုးစားပါ။ လူမှုကွန်ယက်တွေကနေ တဆင့် သူ့ရဲ့စာမျက်နှာဆီ သွားကြည့်မိတာမျိုးက အဆိုးဆုံးပါပဲ။
ဂ) သူငယ်ချင်းတွေ သူ့အကြောင်း ပြောလာရင် နားမထောင်ပါနဲ့။ ဆက်မပြောနဲ့လို့ ပြောပါ။

၂။ အမြင်တွေ ပြောင်းသင့် ပြောင်းလိုက်ပါ
က) နာကျင်ခံစားခဲ့ရတယ် ဆိုရင်တောင် လက်စားချေဖို့ တွေးထားရင် မေ့ပစ်လိုက်ပါ။
ခ) ခံစားချက်တွေ ချရေးပါ။ ဒါပေမယ့် ခဏခဏ မလုပ်ပါနဲ့။
ဂ) တခြားအရာတွေ မတွေးချင်သေးဘူး ဆိုရင်တောင် သင့်မှာ ကျောင်းစာတို့၊ အလုပ်တို့ လုပ်စရာတွေ ရှိမှာပါ။ အဲဒါတွေနဲ့ အလုပ်ရှုပ်နေလိုက်ပါ။

၃။ ပျော်စရာရှာပါ
က) ကိုယ်ပျော်ရမယ့်ကိစ္စတွေ စဉ်းစားပြီး လုပ်ကြည့်ပါ။ အားကစားလုပ်တာနဲ့ ဈေးဝယ်ထွက်တာက ခံစားရတာကို သက်သာစေပါတယ်။
ခ) အဆွေးသီချင်းတွေ နားမထောင် မိပါစေနဲ့။ မြူးကြွတဲ့ သီချင်းတွေပဲ နားထောင်ပါ။
ဂ ) မိသားစုကို ပိုပြီးအချိန်ပေးပါ။ မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေနဲ့ သွားတွေ့လိုက်ပါ။

Source : wiki

Credit: duwun

No comments:

Post a Comment