Sunday, March 6, 2016
"သင့်ကို သူ အပျော်တွဲနေတာလား၊ အတည်တွဲနေတာလား"
"သင့်ကို သူ အပျော်တွဲနေတာလား၊ အတည်တွဲနေတာလား"
အလွန်ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ I love you လို့ မပြောဘဲ Relationship တစ်ခုကို Sex အတွက်ပဲ နှစ်ဦးသဘောတူ တည်ထောင်ကြတဲ့ အတွဲတွေဟာ အတော်လေး များကြပါတယ်။ အာရှနိုင်ငံတွေဖြစ်တဲ့ ဒီလို ပုံစံမျိုးလေးတွေ ခေတ်စားလာနေပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်နဲ့သူက တရားဝင်ချစ်သူတွေပါ ဆိုရင်လည်း တကယ့် Love လို့ သတ်မှတ်လို့ ရသလားဆိုတာကို ရှင်းရှင်းလင်းလင်း သိစေနိုင်မှာပါ။ ဆိုတော့ Sex အတွက် တည်ထောင်ထားတဲ့ RS မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက် (၉) ချက်ကို ဖော်ပြလိုက်ပါတယ်။ Love ဆိုရင်တော့ ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလိမ့်မယ်။ တိုက်ဆိုင်စစ်ဆေးကြည့်ပါဦး။
၁။ ချစ်သူအစစ်တွေလို အချစ်ကို ပြုစုပျိုးထောင်ဖို့ စိတ်ကူးမရှိဘူး။
ရင်ထဲအသည်းထဲကနေ စိတ်ပါလက်ပါ တည်ထောင်ထားတဲ့ အချစ်ရေးမဟုတ်တဲ့အတွက် ဖြစ်သလို ပစ်ထားလိုက်တယ်၊ နှစ်ယောက်သား တွေ့တဲ့အချိန်မှာလည်း နာရီကိုပဲ တအိအိကြည့်ပြီး အိမ်ပြန်ဖို့ ချောင်းနေတဲ့ အဖြစ်ပေါ့။ ဒါကလည်း ကိုယ့်နဲ့သူ့အခြေအနေက အချစ်ကို လက်ခံပေးနိုင်သေးတဲ့ အနေအထား မဟုတ်သေးလို့ပါ။
၂။ ပေးဖို့ထက် ယူဖို့သာ စဉ်းစားတယ်။
ချစ်သူဘ၀မှာ ရေရှည်သက်တမ်း တည်မြဲဖို့အတွက် အပေးအယူ မျှတရပါတယ်။ ဒါပေမယ့် Sex ကိုသာ ရည်ရွယ်
တည်ဆောက်ထာတဲ့ အတွဲတွေမှာလည်း အပေးအယူ မျှတဖို့ဆိုတာ မရှိနိုင်ပါဘူး။ ဖြစ်နိုင်ရင် အယူဘက်ကချည်းပဲ ရပ်တည်လိုကြပါတယ်။
၃။ အတိတ်မှာလည်း အချစ်ကို ကောင်းစွာ မတည်ဆောက်ခဲ့ဘူး။
အချစ်ကို လက်လွတ်စပယ်ဖြစ်ထားခဲ့ပြီး ၀တ်ကျေတန်းကျေ သဘောမျိုးတောင်မှ အချစ်ကို ဂရုစိုက်ရကောင်းမှန်း မသိခဲ့ကြပါဘူး။ သူတို့ဟာ ဆာလောင်မှုအတွက် ပျော်ရွှင်လှိုက်မောစွာ တွေ့ဆုံကြတာ ဖြစ်ပြီး လိုအင်ဆန္ဒ ပြည့်ဝနေချိန်မှာ သတိရဖို့တောင် စိတ်မကူးချင်တဲ့ သဘောပါ။
၎။ တစ်ယောက်အထာကို တစ်ယောက် နားမလည်ဘူး။
ချစ်သူရည်းစား အစစ်တွေဟာ ပထမတော့ တစ်ယောက်အထာ တစ်ယောက် နားမလည်ဘူးဆိုရင်တောင် တဖြည်းဖြည်းကျတော့ နားလည်သွားကြတာပါဘဲ။ တစ်ယောက်အထာကို တစ်ယောက် နားလည်ဖို့အတွက် အခြေခံလိုအပ်ချက်က ရင်းနီးရမယ်၊ ပွင့်လင်းရမယ်၊ ထောက်ထားညှာတာမှုတွေ ရှိရမှာပါ။ ဒီအခြေခံလိုအပ်ချက်တွေမှ မပြည့်စုံသေးဘူးဆိုရင်တော့ ကိုယ်တည်ဆောက်ထားတဲ့ Relationship ဟာ Sex လား Love လား ခွဲခြားသုံးသပ်သင့်တဲ့ အချိန်လို့ အကြံပေးချင်ပါတယ်။
၅။ အကြိမ်ကြိမ်အခါခါ နာကျင်ရတယ်။
အချစ်ရဲ့ အရသာက နာကျင်မှု မဟုတ်ပါ။ ဘယ်လိုလဲဆိုတာ တစ်ကယ်ချစ်တဲ့သူတွေမှ သိနိုင်တဲ့ အရာပါ။ ဒါပေမယ့် သေချာတာကတော့ အချစ်က နာကျင်မှုကို ပေးစွမ်းတယ် မဟုတ်ဖူးဆိုတာပါဘဲ။ RS တစ်ခုမှာ တစ်ဦးရဲ့
အပြုအမူကြောင့် တစ်ဦး ထိခိုက်ခံစားနေရတယ်ဆိုရင်လည်း နာကျင်မှုကို ပေးတဲ့သူဟာ Sex နဲ့ Love မကွဲသေးဘူးလို့ ပြောလို့ရပါတယ်။
၆။ သက်ဆိုင်သူရဲ့ သူငယ်ချင်းနဲ့ မိဘတွေကို တွေ့ဖို့ရှောင်တယ်။
ချစ်တဲ့သူကို လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် သူ့ သူငယ်ချင်းတွေ၊ သူ့မိဘတွေကို တွေ့ဖို့ အချိန်ကာလကိုကြည့်ပြီး လိုလိုချင်ချင် တောင်းဆိုရမှာ ဖြစ်ပါတယ်။ အခြေအနေအရ မိဘတွေ သူငယ်ချင်းတွေနဲ့ လိုက်မတွေ့နိုင်သေးတာကိုလည်း ချစ်သူက အပြည့်အ၀ နားလည်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်နေတယ်ဆိုရင်လည်း Love ကော ဟုတ်ရဲ့လား စဉ်းစားစရာပါဘဲ။
၇။ မလိုအပ်တဲ့ တောင်းဆိုချက်တွေ တောင်းဆိုတယ်။
ချစ်သူတို့ဘ၀မှာ တစ်ယောက်ကို တစ်ယောက် စိတ်မကောင်းအောင်၊ ၀မ်းနည်းအောင်လုပ်ဖို့ စိတ်ကူးမရှိကြပါဘူး။ အချို့ဟာ တစ်ယောက်ကို အကြပ်ကိုင်ချင်တာနဲ့ မလိုအပ်တဲ့ တောင်းဆိုမှုတွေ၊ မလိုအပ်တဲ့ ချုပ်ချယ်မှုတွေလုပ်ပြီး စိတ်မကုန်ကုန်အောင် လုပ်မိနေတယ်ဆိုရင်လည်း ဒါဟာ တစ်ကယ့် အချစ်ရယ်လို့ သက်မှတ်လို့ မရသေးပါဘူး။
၈။ ဆန့်ကျင်ဘက်တွေ ဖြစ်ကြတယ်။
နင်ဟာ အဖြူဆို ငါက အမည်း ဆိုတာလိုပဲ အခြေအနေက သူက ဈေးသွားချင်တယ်ဆို ကိုယ်က သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် မတိုက်ဆိုင်ခြင်းတွေ ပြုပြင်ရန်စိတ်ကူးမရှိတဲ့ အဖုအထစ်တွေ ရှိနေခဲ့တယ်ဆိုရင်လည်း အချစ်နဲ့တည်ထောင်ထားတဲ့ RS တစ်ခုလားဆိုတာ စဉ်းစားသင့်ပါပြီ။
၉။ လွတ်လပ်ချင်တယ်။
လွတ်လပ်ချင်တယ်ဆိုတော့ မလွတ်လပ်လို့ပဲလို့ ပြောလို့ရပါတယ်။ ဒါဟာ သင်တို့နှစ်ယောက်ကြားထဲမှာ တစ်ယောက်ကို တစ်ယောက် အတင်းအဓမ္မသော နည်းတွေနဲ့ ချုပ်နှောင်ထားမှုပါဘဲ။ ဒီလိုအခြေအနေမျိုးဟာလည်း သင်တို့ လက်ခံထားတဲ့ အချစ်က Sex နဲ့ ကွဲပြားမှု မရှိသေးတာကို သေချာစေပါတယ်။
နတ်စည်တော် (ShweMOM)
Credit: ShweMOM
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment