Wednesday, March 2, 2016
"ယောက်ျားလေးတွေမြင်ရင် ဟန်မဆောင်နိုင်အောင် ကြွေလေ့ရှိတဲ့ ကောင်မလေးတွေရဲ့ အမူအရာ (၆) မျိုး"
"ယောက်ျားလေးတွေမြင်ရင် ဟန်မဆောင်နိုင်အောင် ကြွေလေ့ရှိတဲ့ ကောင်မလေးတွေရဲ့ အမူအရာ (၆) မျိုး"
တစ်ခါတလေ မိန်းကလေးတွေဟာ အမှတ်တမဲ့ အပြုအမူလေးတွေ ပြုမူလေ့ရှိပြီး အဲဒီ အပြုအမူလေးတွေကနေ တစ်ဆင့် ယောက်ျားလေးတွေဟာ မထင်မှတ်ထားပါဘဲ ချစ်သွားနိုင်ပါတယ်။ အမှတ်တမဲ့ အပြုအမူလေးတွေထဲမှာ နမော်နမဲ့ ပြုမူလိုက်မိတာလေးတွေလည်း ပါတတ်ပါတယ်။ ဒီတော့ ဘယ်လို အပြုအမူမျိုးဟာ သင့်ကို ကြွေစေနိုင်သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
၁။ သင့်ဆံပင်တွေ ရမ်းခါမိတဲ့အခါ
သီချင်းတောင် ရှိသေးတယ်။ ညနေခင်းရဲ့ လေပြည်ထဲမှာ … မင်း ဆံနွယ်တွေ အတောင်ပံ ဖြန့်တဲ့အခါ … ဘာ ညာ သာရကာ- ဆိုတာမျိုးပေါ့။ အဲဒီလို ဆံပင်တွေ ရမ်းခါမိတဲ့အခါမျိုးမှာ ကောင်လေးတွေက သင့်ကို ကြွေနိုင်ပါတယ်။
၂။ သင့်ရဲ့ရေမွှေးနံ့၊ ရှန်ပူနံ့၊ ခန္ဓာကိုယ်ကနေ သင်းသင်းလေး မွှေးတဲ့ရနံ့လေးတွေ
လူတွေ အနေနီးတဲ့အခါ ဒီလူက ချွေးနံ့ဆိုးတယ်၊ ဒီလူကတော့ ချွေးနံ့ပြင်းတယ်၊ ဒီလူကတော့ အနံ့ညင်သာတယ် စသဖြင့် နှာခေါင်းကနေ ဆုံးဖြတ်ကြပါတယ်။ ဒီလိုပါဘဲ။ သင့်ရဲ့ရေမွှေးနံ့၊ ခေါင်းလျှော်ရည်နံ့၊ ကိုယ်သင်းနံ့ လေးတွေဟာလည်း အမျိုးသားတွေကို ချစ်လာအောင် ဆွဲဆောင်ရာမှာ အကူအညီ ပေးပါတယ်။
၃။ မျက်လုံးမှိတ်တဲ့အခါ
တစ်ခါတလေ သင် မျက်လုံးလေး မှိတ်တာ ဖွင့်တာလေးဟာ နိုင်ငံခြားဇာတ်ကားတွေထဲက ဇာတ်လိုက်မင်းသမီးလို နမ်းခါနီး မျက်လုံးပိတ်တဲ့ ပုံစံမျိုးနဲ့ သွားတူနေတတ်တာတို့၊ အဲဒီလို အခြေအနေနဲ့ ခပ်ဆင်ဆင် တူနေတာတို့ ဆိုရင်လည်း သင့်ကို ကောင်လေးက ခိုက်သွားနိုင်ပါတယ်။
၎။ နှုတ်ခမ်းကို ကိုက်တဲ့အပြုအမူ/ လျှာနဲ့ သပ်တဲ့ အပြုအမူ
မိန်းကလေးတွေရဲ့ နှင်းဆီနှုတ်ခမ်းလေးဟာ ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ဒီအထဲမှာ နှုမ်းခမ်ကိုကိုက်တဲ့ အပြုအမူနဲ့ လျှာနဲ့သပ်တဲ့ အပြုအမူတွေလည်း ပါဝင်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ ကျွန်တော် အသေးစိတ် အကြံမပေးတော့ပါဘူးနော်။
၅။ ရှက်သွေးဖြာခြင်း
မိန်းကလေးတစ်ယောက် အလှဆုံးအချိန်ထဲမှာ ရှက်တဲ့အချိန်လည်း ပါဝင်ပါတယ်။ အကြောင်းကတော့ ရှက်တာတစ်ခုပဲ ဂရုစိုက်နေရလို့ အဲဒီအချိန်မှာ သူမရဲ့ သာမာန်အလှတွေ အပြိုင်းအရိုင်းထကြွပြီး အမျိုးသားတွေကို မြှူစွယ်ကြတယ်ဆိုတာ သတိမထားမိကြပါဘူး။
၆။ ပြောင်စပ်စပ်အမူအယာ
မိန်းမတွေဟာ ပြောင်စပ်စပ်အမူအယာ လုပ်တဲ့အချိန်မျိုးမှာ ရယ်စရာမကောင်းဘဲ ချစ်စရာ ကောင်းနေတတ်ပါတယ်။ ဒါမျိုး သွားရယ်တဲ့လူကလည်း တော်တော်လေးကို မိန်းမတစ်ယောက်ရဲ့ အလှအပကို မခံစားတတ်တဲ့ မျက်နှာ ခပ်ရူးရူးထဲကပဲ ဖြစ်ပါလိမ့်မယ်။
နတ်စည်တော် (Myanmar Online Media)
Credit: TuePoe
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment