Friday, March 4, 2016
"သင်္ဘောသီးရဲ့ အသုံးဝင်ပုံ"
"သင်္ဘောသီးရဲ့ အသုံးဝင်ပုံ"
မြန်မာ့ဆေးကျမ်းတွေမှာ သင်္ဘောသီးမှည့်ဟာ ဝမ်းမီးတောက်စေတယ်၊ ဆီးရွှင်တယ်၊ သလိပ်ကိုပွားစေပြီး နှလုံးကို အကျိုးပြုတယ်လို့ ဖော်ပြထားပါတယ်။ သွေးကိုစင်ကြယ်စေပြီး သည်းခြေကိုလည်း ငြိမ်စေတယ်လို့ ဆိုပါတယ်။
၁- သင်္ဘောသီးစိမ်းရည်ကို သကြားရောပြီး တစ်နေ့ ၃ ကြိမ်သောက်ရင် သရက်ရွက်ကြီးခြင်း ပျောက်ပါတယ်။
၂- သင်္ဘောသီးအမှည့်ကို ပုံမှန်စားပေးရင် သရက်ရွက်ကြီးခြင်း၊ အသည်းကြီးခြင်းနဲ့ မြင်းသရိုက်ရောဂါ ပျောက်ပါတယ်။
၃- ဆီးဝမ်းရွှင်ချင်တယ်ဆိုရင် သင်္ဘောသီးဝမ်းဖျဉ်းကို ဟင်းချက်စားတာမျိုး ဒါမှမဟုတ် သနပ်လုပ်စားတာမျိုး လုပ်ပေးလို့ရပါတယ်။
၎- သင်္ဘောသီးနုနုကို အခြောက်လှန်း အမှုန့်လုပ်ပြီး နည်းနည်းစားပေးတာနဲ့ သွားနေတဲ့ဝမ်းကို ရပ်စေပါတယ်။
၅- ကင်းကိုက်ခံရတဲ့အခါ ကိုက်ခံရတဲ့နေရာကို သင်္ဘောသီးစိမ်း လှီးလိုက်လို့ ထွက်လာတဲ့အရည်နဲ့ တို့လိမ်းပေးရင် အဆိပ်ပြေပါတယ်။
၆- သင်္ဘောသီးနုနုကို ဆားနဲ့တို့စားရင် ဆုံဆို့နာ ပျောက်ပါတယ်။
Photos & Source: Burmese Medical Plants, sofafood
Credit: duwun
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment