Friday, March 4, 2016

"ချစ်ဟန်ဆောင်သူမှန်း သိသာစေတဲ့ အချက်များ"


"ချစ်ဟန်ဆောင်သူမှန်း သိသာစေတဲ့ အချက်များ"

တစ်ခါတစ်ရံမှာ ကိုယ့်ကို တကယ်မေတ္တာစစ်နဲ့ ချစ်လို့မဟုတ်ဘဲ ကိုယ့်ဆီက ရယူလိုမှု တစ်ခုအတွက်ပဲ ချဉ်းကပ်လာတဲ့ ပိုင်းလုံးလို့ ခေါ်တဲ့ လူတန်းစားတစ်ရပ် ရှိပါတယ်။ သူတို့က ကိုယ့်ကိုယ် ဆွဲဆောင်နိုင်ဖို့ ကိုယ်သဘောကျမဲ့ စကားလုံးချိုချိုလေးတွေကို ပြောတတ်တယ်။ ဒါပေမဲ့ သူတို့က ကိုယ့်ရဲ့နှလုံးသားထက် ကိုယ့်ရဲ့ ဘဏ်စာရင်းထဲက ပိုက်ဆံတွေကို ပိုပြီး စိတ်ဝင်စားတဲ့သူတွေ ဖြစ်တဲ့အတွက် ရှောင်ကြဉ်နိုင်ဖို့ သိထားရမယ့် အချက်ကလေးတွေ ရှိပါတယ်။

ကိုယ့်ဘက်က အပေးချည်းပဲ ဖြစ်နေမယ်

ချစ်ရတဲ့သူနှစ်ယောက်မှာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရတယ်ဆိုပေမဲ့ ကိုယ်နဲ့မသက်ဆိုင်တဲ့ အကြောင်းအရာတွေ အတွက်ပါ ကိုယ့်ကို အသိပေးပြီး ညည်းပြနေရင်၊ လိုအပ်တာမှန်သမျှ တောင်းဆိုနေတဲ့သူဆိုရင်တော့ သတိပြုသင့်ပါတယ်။

ဈေးကြီးတဲ့ အရာတွေကိုမှ ကြိုက်တတ်လာတာ

သူတို့အရင်က သုံးနေကျ ပုံစံမဟုတ်ဘဲ ကိုယ်နဲ့တွေ့တဲ့အခါမှာ ထီဆုကြီးပေါက်လိုက်သလို၊ ရုတ်တရက် အမွေတွေအများကြီးရလိုက်သလို အဖိုးတန်တဲ့အရာတွေကိုပဲ စိတ်ဝင်စားကြောင်း ပြနေပြီဆိုရင် သူက ကိုယ့်ဆီကအချစ်ကို မျှော်လင့်တာမဟုတ်ဘဲ ကိုယ့်ဆီကရလာမယ့် တခြားအရာတစ်ခုကိုသာ စိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။

အလုပ်အကိုင်မရှိတဲ့သူတွေဖြစ်တယ်

ကိုယ်နဲ့သူနဲ့ ချစ်ကြိုက်ပြီး မကြာခင်မှာပဲ သူက အလုပ်ကနေထွက်လိုက်တယ်။ သူတို့ အလုပ်မှာ အဆင်မပြေလို့၊ သူဌေးနဲ့ အဆင်မပြေလို့ စတဲ့ အကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ အလုပ်ထွက်လိုက်ရခြင်း အကြောင်းရင်းကတော့ သူတို့တွဲနေတဲ့သူက သူတို့ကို ဘာအလုပ်မှ လုပ်စရာမလိုဘဲ လစာပေးနိုင်တဲ့သူတွေ ဖြစ်တယ်လို့ ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။

ပိုက်ဆံပေးဖို့တောင်းဆိုလာတာ

အကြောင်းပြချက် အမျိုးမျိုးပေးပြီး ပိုက်ဆံတောင်းပြီဆိုရင် ကိုယ့်ကို အချိန်မရွေး ထုတ်ယူနိုင်တဲ့ ငွေထုတ်စက်တစ်ခုလို သဘောထားနေတယ် ဆိုတာကို ပြတာပါ။ သူတို့ရဲ့ကားပြင်ဖို့၊ ဆေးခန်းပြဖို့၊ သူငယ်ချင်းတစ်ယောက်နဲ့ အလုပ်စပ်တူလုပ်မလို့ စတာတွေပြောပြီး ငွေတောင်းလာရင်တော့  ဒီလိုအချစ်ရေးမျိုးကို ရှေ့ဆက်ဖို့အတွက် ဆင်ခြင်သုံးသပ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment