Saturday, March 5, 2016
"ရင့်ကျက်တဲ့ စုံတွဲများရဲ့ လက္ခဏာ (၇) ရပ်"
"ရင့်ကျက်တဲ့ စုံတွဲများရဲ့ လက္ခဏာ (၇) ရပ်"
ကိုယ်တိုင်လည်း ရင့်ကျက်တဲ့ စုံတွဲဟုတ်၊ မဟုတ်ဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်ပါတယ်။
ပျော်ရွှင်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုနဲ့ ရင့်ကျက်မှုတို့ ပေါင်းစပ် ပါဝင်ရမှာ ဖြစ်ပါတယ်။ အခုဖော်ပြမယ့် လက္ခဏာ (၇) ချက်ရှိနေပြီဆိုရင် သင်ဟာ ရင့်ကျက်တဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ထားပြီလို့ သတ်မှတ်နိုင်ပါတယ်။
၁။ စကားအကြီးအကျယ်မများခြင်း
ရန်မဖြစ်တဲ့ ချစ်သူစုံတွဲရယ်လို့ မရှိပါဘူး။ ဒါပေမယ့် အသေးအမွှားကိစ္စတွေကို ငြင်းခုံပြီး ရန်မဖြစ်တက်ဘူး။
၂။ ရန်ဖြစ်ပြီးတိုင်း သင်ခန်းစာ ရကြမယ်
ရန်ဖြစ်တယ်၊ စကားများတယ် ဆိုတာထက် သဘောထားခြင်း မတိုက်ဆိုင်တာကို ငြင်းခုန်တဲ့သဘော ပိုဆန်ကြမယ်။ ရန်ဖြစ် စကားများပြီးတဲ့အခါတိုင်း သင်ခန်းစာတစ်ခု၊ အဖြေတစ်ခု ထွက်လာမယ်။
၃။ တိကျခိုင်မာတဲ့ အနာဂတ် ရည်မှန်းချက်ရှိမယ်
နှစ်ဦးလုံး သဘောတူထားတဲ့ ရည်မှန်းချက်တွေ ရှိမယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတယ်လို့လည်း ခံစားရမယ်။
၎။ နောင်တမရဘူး
ဒီဆက်ဆံရေးတစ်ခုကို စခဲ့တဲ့ အပေါ်လည်း နောင်တမရဘူး။
၅။ ငါ ဆိုတဲ့စကား မသုံးဘူး
ငါ ဆိုတဲ့စကားမျိုး သိပ်မသုံးဘူး။ ငါတို့လို့ပဲ သုံးကြတယ်။ ဒါဟာ နှစ်ကိုယ့်တစ်စိတ်ဆိုတာကို ပြရာလည်း ရောက်ပါတယ်။
၆။ အပြန်အလှန် လေးစားကြတယ်
ဒေါသထွက်လာရင်တောင် သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောဘူး။ လူအများရှေ့မှာလည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု ပြကြတယ်။
၇။ စနောက်မယ်
တစ်ယောက်ကို တစ်ယောက် အမြဲ စနောက်နေတက်တယ်။ ဒီလို စနောက်မှုတွေကြောင့်လည်း ပိုပြီး ပျော်လာရတယ်။
Source : Llife
Credit: duwun
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment