Tuesday, March 1, 2016
မိန်းမဆိုတာ"
"မိန်းမဆိုတာ" မိန်းမပါပဲ... သို့ပေမယ့်... ယောက်ျားတွေထက်ပိုပြီး ချစ်တတ်တယ်၊ မုန်းတတ်တယ်၊ စိတ်ကောက်တတ်တယ်၊ အချော့ကြိုက်တတ်တယ်၊ ဝမ်းနည်းတတ်တယ်၊ အားငယ်တတ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ ခံစားရလွယ်တယ်၊ အသက် ၆၀ ထိပင် သင်ချော့တာ ခံချင်နေတုန်းပါပဲ။
--------------------------------
အမျိုးသားတွေသည် ချစ်သူရည်းစားဘဝ အချိန်တွေ (နှင့်) အိမ်ထောင်ပြုပြီးသွားသော အချိန်ကာလတွေမှာ အနည်းနှင့်အများ ပြောင်းလဲ ကွာချားသွားတတ်သည်။
တစ်ချို့ အမျိုးသားတွေဟာ လက်ထပ်ပြီးသွားလို့ အိမ်ထောင်ရှင်ဘဝကို ရောက်သွားတဲ့အခါ အရင် ချစ်သူဘဝတုန်းကထက်ပင် ပို၍ ချစ်ပြ၊ ဂရုစိုက်ပြ၊ ကြင်နာပြတတ်ကြတယ်။
အခြားအမျိုးသားတွေလည်း ချစ်တော့ချစ်ပါတယ် ဒါပေမယ့် သူတို့တွေဟာ အရင်နဲ့မတူပဲ အနေဆိတ်သွားလေ့ ရှိတတ်ကြပါတယ်။ ချစ်သူဘဝကလိုပင် အရေးတယူ ဖေးဖေးမမ (မှမှ) သဲသဲလှုပ် ဖြစ်မနေတော့ဘူး။ အကြင်လင်မယားတွေပဲ ဖြစ်နေပြီပဲဆိုတဲ့ အတွေးနဲ့ အလုပ်ကိုပဲ စိတ်ထဲနှစ်ပြီး လုပ်နေတတ်ကြတယ်။
တကယ်တော့ မိန်းမတွေသည် ယောက်ျားများ အိမ်ထောင်ပြုပြီး နှစ်မျိုးနှစ်စား ကွဲပြားနေသော်လည်း မိန်းမ အများစုသည် တစ်မျိုးတစ်စားတည်းပင် တူညီလေ့ ရှိကြတယ်။
မိန်းမတွေ အများဆုံး တူညီကြသည့်ချက်မှာ အိမ်ထောင်ပြုပြီးသွားလည်း အိမ်ထောင်ရှင် ဘဝမှာ အရင်တုန်းကထက်ပိုပြီး ချစ်မြတ်နိုးတတ်ကြတယ်၊ ပိုပြီး ဂရုစိုက်ကြသလို ဂရုစိုက်တာကို ပိုပြီး ခံချင်ကြတယ်။ ပိုပြီး စိုးရိမ်ပူပင်တတ်ကြတယ်။ ပိုပြီး အားကိုးအားထား ပြုချင်ကြတယ်။
ယောက်ျားတွေ ကောင်းမွန်ပါရက်နဲ့ မိန်းမတွေ အိမ်ထောင်ရေး ဖောက်ပြန်တာ ဘယ်လိုပြောမလဲ? တဲ့ ။
မိန်းမတွေကစပြီး အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုတာ ရှိတော့ရှိတယ် ရှားပါတယ်။ ရှိတောင့်ရှိခဲ ဖြစ်တောင့်ဖြစ်ခဲပါလိမ့်မယ်။
ယောက်ျားလေးတွေ အပျော်အပါး မက်တတ်ကြတယ်။ အပြင်မှာ သာယာတတ်ကြတယ်။ အိမ်ထောင်ရေးမှာ အများဆုံး အစပြု ဖောက်ပြန်ကြလေ့ရှိတယ်။
ယောက်ျားတွေ ဦးတည်လျှောက်နေတဲ့ ခြေလှမ်းပေါ်မူတည်ပြီး မိန်းမတွေ ခြေလှမ်းပျက်ကြရတာ ပိုများလိမ့်မယ်။
မှတ်ထား။ မိန်းမဆိုတာ ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်း ယောက်ျားပီသရင် မိန်းမပီသဖို့ အဆင်သင့် ရှိတတ်ကြတယ်ဆိုတာ။
ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်း ရိုးသားတည်ကြည်ပြ်ီး သစ္စာရှိရှိ နေတတ်ရင် တည်တည်တံ့တံ့ နေထိုင်ဖို့၊ သစ္စာစောင့်သည့်ဖို့၊ တန်ဖိုးရှိရှိနေဖို့ အဆင်သင့် ရှိနေတတ်ကြတယ် ဆိုတာပါပဲ။
ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်း အိမ်ထောင်ရှင်ကောင်းတစ်ယောက် ဖြစ်ပြီး ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပါ။ နောက်ကနေ အိမ်ထောင်ရှင်မကောင်း တစ်ယောက်အဖြစ်နဲ့ စီးတဲ့ရေ ဆယ်တဲ့ကသင်းလဲ ကျွန်မ ထိန်းသိမ်းနိုင်တယ်။
မိန်းမဆိုတာ အိမ်ထောင်ပြုပြီးသွားလည်း ချစ်တာကိုခံချင်တုန်း၊ ကလီကမာ တီတီတာတာလေးတွေ ပြောတာ ခံချင်တုန်း၊ စိတ်ကောက်ချင်တုန်း၊ ချော့တာကို ခံချင်တုန်း၊ ဆိုးနွဲ့ချင်တုန်း။
မိန်းမဆိုတာ မိန်းမပါပဲ။ ကလေးရတဲ့အထိ ကလေးဆန်ချင်တုန်း၊ ယုယကြင်နာမှု ခံချင်တုန်း၊ အလိုလိုက်တာခံချင်တုန်းပဲ။
မိန်းမဆိုတာ အသက်ကြီးလာလို့ ပြောင်းလဲသွားပြီ မထင်နဲ့။
အသက် ၆၀အထိ ဆိုးချင်၊ နွဲ့ချင်၊ ကောက်ချင်၊ အချော့ခံချင်တုန်းပါပဲ။
(ဒိုက်ဒိုက်-မြင်းခြံ)
Credit: TuePoe
Labels:
ဗဟုသုတ,
အိမ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment