Tuesday, March 1, 2016

"အနေဝေးပေမယ့် အချစ်တွေနီးနေအောင် ပြုလုပ်သင့်တဲ့အချက် (၁၀) ချက်"


"အနေဝေးပေမယ့် အချစ်တွေနီးနေအောင် ပြုလုပ်သင့်တဲ့အချက် (၁၀) ချက်"

အဝေးရောက်နေတဲ့ ချစ်သူနဲ့ လူချင်းဝေးနေရင်တောင် နှလုံးသားချင်း နီးနေအောင် ကြိုးစားနိုင်ပါတယ်။

ကံတရားကြောင့် ချစ်သူနဲ့ ဝေးဝေးနေနေရတဲ့သူတွေ၊ အဝေးမှာရှိသူ တစ်ယောက်ယောက်ကိုမှ နှစ်နှစ်ကာကာ ချစ်မိနေသူတွေ၊ အရမ်းချစ်ခဲ့ကြပြီး အဝေးတစ်နေရာစီ ကွဲကွာနေရတဲ့အခါမှာ ၀မ်းနည်းနေရတဲ့သူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးပါ။ အဲ့ဒီလို အဝေးရောက်နေတဲ့ ချစ်သူနဲ့ လူချင်းဝေးနေရင်တောင် နှလုံးသားချင်း နီးနေအောင် ဘယ်လိုလုပ်မလဲဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပေမဲ့ အကျိုးရှိပြီး အကောင်းဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကိုတော့ စဉ်းစားဖို့၊ အသုံးချဖို့ လိုပါတယ်။

၁။ လိုတာထက်ပိုပြီးတော့ အဆက်အသွယ် အရမ်းမလုပ်ပါနဲ့

ဝေးနေရတယ်ဆိုတဲ့ စိတ်ကြီးနဲ့ အမြဲလိုလို မက်ဆေ့တွေပို့နေ ဖုန်းတွေခေါ်နေတာက ကြာလာတော့လည်း အဆင်မပြေနိုင်ပါဘူး။

၂။ အကောင်းမြင်ပါ

သူ့အတွက်ရော ကိုယ့်အတွက်ပါ ကောင်းတာတွေဖြစ်လာဖို့ ခနလေး ဝေးရတယ်လို့ပဲ တွေးထားပါ။

၃။ ပုံမှန်အဆက်အသွယ်လုပ်ပါ

Good Morning နဲ့ Good Night ကိုတော့ ပုံမှန် Message လေး ပို့ပါ။ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုအတိုလေးတွေကိုတော့ အမြဲမဟုတ်ဘဲ အလျဉ်းသင့်သလို ပို့ပါ။

၎။ ပြဿနာတွေ ကြီးထွားမလာပါစေနဲ့

ကလပ်သွားလိုက်တာ၊ မူးကွဲအောင် သောက်ပစ်လိုက်တာနဲ့ တခြားစိတ်ပူပြီး ဒေါသတွေ ရေဆူမှတ်ရောက်လောက်အောင် မပျော်လိုက်ပါနဲ့။ အဲ့ဒါ အရေးကြီးပါတယ်။

၅။ တချို့ကိစ္စလေးတွေ အတူတူဆောင်ရွက်ပါ

အွန်လိုင်းဂိမ်း အတူတူကစားတာတို့၊ ဒီနေ့ Shopping ထွက်ကြမယ်ဆိုပြီး တစ်ရက်တည်းမှာ ကိစ္စတစ်ခုခုကို အတူတူ လုပ်ဆောင်ကြည့်ပါ။ လွယ်ကူတဲ့ အစားအစာလေးတွေကိုလည်း အတူတကွ ပြုလုပ်နိုင်ပါသေးတယ်။ ဟမ်ဘာဂါတို့  ကြက်ဥလိပ်ကြော်တို့လိုမျိုးပေါ့။

၆။ ရိုးသားပါ

စိတ်ခံစားချက်နဲ့ ပတ်သက်တာတွေကအစ တစ်ယောက်နဲ့တစ်ယောက် အသိပေးသင့်တာတွေ အကုန်လုံးကို ရိုးရိုးသားသားနဲ့ အဆင်အပြေဆုံး ပြောဆိုဆွေးနွေးပါ။

၇။ တစ်ယောက်နဲ့တစ်ယောက် အလုပ်ချိန်တွေ သိထားပါစေ

သူဘယ်အချိန်မှာ အရေးကြီးတာ ဘာလုပ်ရမယ်၊ ကိုယ်ဘယ်အချိန်မှာ ဘယ်သွားဖို့ရှိတယ် ဆိုတာကို အသေးစိတ်မဟုတ်ရင်တောင် တတ်နိုင်သလောက် အသိပေးထားပါ။

၈။ လူမှုကွန်ရက်တွေပေါ်က အခြေအနေတွေကိုလည်း မျက်ခြည်မပြတ်ပါနဲ့

သူတင်တဲ့ပုံလေးတွေ Like လုပ်တာ၊ Comment ပေးတာတွေ၊ ကိုယ်နဲ့သူနဲ့ အမှတ်တရရှိနိုင်မယ့် ပုံလေးတွေလည်း ပြန်တင်ပေးတာတွေ ပြုလုပ်ပါ။

၉။ မိသားစုအကြောင်းပြောပါ

သူ့မိသားစု၊ ကိုယ့်မိသားစု အကြောင်းလေးတွေလည်း ကြုံသလိုပြောဖို့ မမေ့သင့်ပါဘူး။

၁၀။ ချစ်စနိုးနာမည်လေးတွေ

ဒါကတော့ တော်တော်များများ လုပ်တတ်ကြတဲ့ ချစ်စရာ အလေ့အကျင့်လေးပါပဲ။ အချစ်ဆုံးကြီး၊ သဲတုံး၊ သဲလေး၊ ယုန်ဖြူလေး၊ ကလေးဆိုးကြီး၊ ဂျစ်တုံး၊ ရစ်လုံး စတဲ့ စတဲ့ နာမည်ပေါင်းများစွာတွေ ရှိကြမှာပါ။ သူနဲ့ကိုယ့်ကြားထဲမှာပဲသိတဲ့ နာမည်ပြောင်လေးတွေက သူနဲ့ကိုယ့်ရဲ့ ချစ်ခြင်းကို ပိုမို ခိုင်မြဲစေပါလိမ့်မယ်။

Credit: duwun

No comments:

Post a Comment