Thursday, March 3, 2016

"အသက် (၂၀) ၀န်းကျင်အရွယ် ကောင်မလေးတွေ ပိုင်ဆိုင်ချင်တဲ့အရာ (၇) မျိုး"


"အသက် (၂၀) ၀န်းကျင်အရွယ် ကောင်မလေးတွေ ပိုင်ဆိုင်ချင်တဲ့အရာ (၇) မျိုး"

လူဆိုတာ ကိုယ့်အရွယ်နဲ့ ကိုယ့်လောဘ ဖြစ်ကြတာပါဘဲ။ ဥပမာအားဖြင့် အဆမတန် ၀နေတဲ့သူတွေဟာ အလွန်သေးငယ်တဲ့ ဘောင်းဘီဆိုဒ်တွေကို လက်မလှမ်းသလိုပေါ့။ အရမ်းပိန်တဲ့ သူတွေကလည်း ဖားဖားလျှားလျှား အ၀တ်စားဆို အနားတောင် မကပ်ချင်ကြ။ ဒါက ကိုယ့်လိုအပ်ချက်နဲ့ မကိုက်မှ မကိုက်ညီတာကိုး။ ဒီလိုပါပဲ ကိုယ့်အရွယ်နဲ့ကိုယ် လောဘ ဖြစ်ကြပါတယ်။ အခုလည်း အသက် (၂၀) ၀န်းကျင်အရွယ် ကောင်မလေးတွေ ဘာတွေကို ပိုင်ဆိုင်ထားသင့်သလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အ၀တ်ဘီရိုအကြီးကြီး
အ၀တ်ဘီရိုအကြီးကြီး လိုချင်တယ်။ ဘယ်လောက်ကြီးတဲ့ အ၀တ်ဘီရိုကြီးလဲ … ???။ ရှင်တို့ ထင်ထားတာထက် နည်းနည်း ပိုကြီးတယ် … ကျွန်မလည်း မပြောပြတတ်ဘူး ဆိုတာလိုပေါ့။ အဲဒီ ကလေးမလေးတွေဟာ အ၀တ်အစားကို ခုံမင်တဲ့အရွယ်မို့ သူတို့စိတ်ထဲမှာ မျှော်မှန်းမထားလောက်အောင် ကြီးတဲ့ အ၀တ်ဘီရိုကြီးတစ်လုံးနဲ့ အ၀တ်အစားအပြည့် လိုချင်ကြပါတယ်။ ပိုင်လည်း ပိုင်ဆိုင်သင့်တဲ့ အရွယ်ပေကိုး။

၂။ လက်ဝတ်ရတနာ အစစ်တစ်စုံလောက်
ဒါဖြင့် သူတို့ အခုဝတ်နေတာက အတုတွေလား?ွကျွန်တော် ဘာမှ ပြန်မဖြေဘူးနော်။ ထားပါတော့ ဒီလိုအသက်အရွယ်မှာ သူများထက် လှချင်သာချင် မော်ချင်ကြွားချင် ကြတယ်။ အတုဆိုတာလည်း ၀တ်ဖို့ စိတ်မကူးကြပါဘူး။ ကိုယ့်မှာရှိတဲ့ အစစ်ကလေး လူမမြင်မြင်အောင် ထုတ်ဝတ်ရတာလည်း အမောလေ ဖြစ်နိုင်ရင်တော့ ဒီထက်သာတဲ့ ကောင်းတဲ့ လက်ဝတ်ရတနာ တစ်စုံလောက် ကောင်းကောင်းလေး လိုချင်ကြမှာပါ။ ရှိလည်း ရှိသင့်တဲ့ အရာလေ။

၃။ အလွန်ဈေးကြီးတဲ့အနုပညာလက်ရာ
အနုပညာကို ခံစားတတ်လိုလည်း မဟုတ်ဖူးပေါ့။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ပန်းပုလက်ရာလို၊ ပန်းချီးကားလို၊ ပုံတူပန်းချီကားလို အရာမျိုး မက်မောတတ်ပါတယ်။ သူတို့ဘာသာ ၀ယ်တာထက် အခြားကောင်လေးတစ်ယောက်က ပေးတာမျိုးဆို သိပ်သဘောကျတာ။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ အိမ်တော့ အလှထားလို့ ရဒယ်လေ။ ဒါကလည်း သူတို့ရဲ့ စိတ်ထား နူးညံ့မှုကို သွယ်ဝိုက်ဖော်ပြရာ ရောက်တယ်လေ။

၎။ ဆေးသေတ္တာလေးတစ်လုံး
အသက် (၂၀) ၀န်းကျင် ကလေးမလေးတွေ ပိုင်ဆိုင်သင့်တဲ့ အရာတွေထဲမှာ အိမ်သုံးဆေးဝါး မျိုးစုံထည့်ထားတဲ့ ဆေးသေတ္တာလေးလည်း ပါဝင်ပါတယ်။ သင် နေမကောင်း ဖျားနာဖြစ်တဲ့အခါမှာ အိမ်က မိဘတွေက အိမ်သုံဆေးသေတ္တာလေးထဲက ဆေးဝါးလေးတွေနဲ့ ကုသပေးတာမျိုး ရှိမယ်ထင်ပါတယ်။ အဲဒီလိုပဲ မိခင်လောင်းအဖြစ် ကိုယ့်ကိုယ်ကို ယူဆလို့ရတဲ့ ဒီလိုအရွယ်မျိုးမှာ ဆေးသေတ္တာလေးကို အနာဂတ်အတွက် ကြိုတင်အလေ့အထ လုပ်ထားသင့်တယ်လေ။

၅။ ဈေးကြီးတဲ့ အိပ်ခန်းသုံးပရိဘောဂတွေ
အမျိုးသမီးဆိုတာ အတွင်းအပြင် သန့်ပြန့်နေမှ ယောက်ျားလေးတွေကလည်း စိတ်ဝင်စားတာလေ။ ဒီအတွက် အဖြေကို ပေးနိုင်တဲ့ အိပ်ခန်း သာယာသန့်ရှင်းမှုက သင့်ရဲ့ တစ်ကိုယ်ရေ အလှအပသာမက သင့်ရဲ့ အဆင့်အတန်းကိုလည်း တိုက်ရိုက် ဖော်ပြပေးနေမှာပါ။ ဆိုတော့ သိပ်ဈေးအကြီးကြီးတွေ မတက်နိုင်ရင်တောင် သပ်ရပ်သန့်ရှင်းတဲ့ အိပ်ခန်းလေးတစ်ခုတော့ သင်
ပိုင်ဆိုင်ထားသင့်ပြီပေါ့လေ။

၆။ ခဏခဏပြန်ဖတ်ချင်တဲ့ စာအုပ်ကောင်းကောင်းလေး တစ်အုပ်လောက်
ဒါကလည်း အရေးကြီးပါတယ်။ အချို့ဆို မိမိရဲ့ ဣတ္ထိယမာန်မာနအတွက် ဂျူးရဲ့ မရှိမဖြစ်မိုး ဆိုတဲ့ စာအုပ်ကလေးကို ခဏခဏ ပြန်ဖတ်မိတာ အကြိမ်ပေါင်း မနည်းဘူးတဲ့။ အဲဒီလိုပါဘဲ။ သင် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သင့်ကို ဒီစာအုပ်က စိတ်ဓာတ်ခွန်အားတွေ ပြန်ပေးနိုင်တယ်ဆိုတဲ့ စာအုပ်ကလေးတစ်အုပ်လောက်တော့ သင် ပိုင်ဆိုင်ထားသင့်ပါတယ်။

၇။ ဖရော်ဖတ်ရှင်နယ် မိတ်ကပ် တန်ဆာပလာတွေနဲ့ ဒါတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့
မိန်းကလေးတစ်ယောက်မှာ အရေးကြီးဆုံးက အလှပါ။ မိန်းမ အဆင်း၊ ယောက်ျား အချင်းလို့ ဆိုထားတယ်လေ။ ဆိုတော့ ပရော်ဖတ်ရှင်နယ် မိတ်ကပ် တန်ဆာပလာတွေနဲ့ ဒါတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့ဆိုတာလည်း မတတ်မဖြစ် တတ်ထားရမယ့် အရာပါဘဲ။ အရမ်းဈေးကြီးတဲ့ မိတ်ကပ် set တွေ မသုံးနိုင်ရင်တောင်မှ ဈေးအသင့်အတင့်နဲ့ ကိုယ့်ကိုယ်ကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်တတ်ဖို့ လိုအပ်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment