Thursday, March 3, 2016
"ကိုယ့်ချစ်သူက ကိုယ့်ကို ပိုပိုပြီးချစ်လာစေချင်တယ်ဆိုရင် ဖတ်ကြည့်ပါ..."
"ကိုယ့်ချစ်သူက ကိုယ့်ကို ပိုပိုပြီးချစ်လာစေချင်တယ်ဆိုရင် ဖတ်ကြည့်ပါ..."
တစ်စုံတစ်ယောက် ကိုယ့်ကို ချစ်လာအောင် တွန်းအားပေးလို့ မရပါဘူး။ ဒီလိုပြောလို့ ချစ်နေပြီးသား လူတစ်ယောက်ကို ပိုပိုပြီးချစ်လာအောင် မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ကိုချစ်နေတဲ့ လူတစ်ယောက် ကိုယ့်ကိုပိုပြီး ချစ်လာစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။
အရမ်းမကြိုးစားပါနဲ့
ပထမဆုံး သတိထားရမယ့်အချက်ကတော့ သူ့အပေါ် အတင်းအကျပ် ဖိအားမပေးဖို့ပါပဲ။ သူ့အတွက် သက်သောင့်သက်သာ ဖြစ်နေပါစေ။ သူ ကိုယ့်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ တွန်းအားမပေးပါနဲ့။ ဒီလိုပြောဖို့တွေ မမျှော်လင့်ပါနဲ့။ ဒါက ကိုယ့်အတွက် စိတ်ပင်ပန်းစေလို့ သူ့အတွက်လည်း မလုပ်ချင်တာတစ်ခုကို လုပ်နေရတဲ့အတွက် သောက ရောက်စေပါတယ်။
သူ့ကိုရယ်မောပါစေ
သူ့ကို ပိုပြီး ရယ်မောအောင် ပြုလုပ်နိုင်လေ ကိုယ့်အပေါ် တွယ်တာလေလေပါပဲ။ ဒီအချက်မှာ ယောက်ျား၊ မိန်းမ အားလုံး တူညီကြပါတယ်။ ကိုယ့်ကို ပျော်ရွှင်စေတဲ့ တစ်စုံတစ်ယောက်အပေါ် ပိုပြီး သံယောဇဉ်တွယ်လာတာ မဆန်းပါဘူး။ သူများကိုရယ်မောအောင် စွမ်းဆောင်နိုင်သူက ကိုယ့်ဘ၀ကိုလည်း ပေါ့ပါး ပျော်ရွှင်နေတတ်သူလည်း ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ်စစ်မှန်ပါစေ
တစ်စုံတစ်ယောက် ကိုယ့်ကို ပိုပြီး ချစ်မြတ်နိုးလာစေဖို့အတွက် ကိုယ့်ကိုကိုယ် ဟန်ဆောင်နေစရာ မလိုပါဘူး။ သူ့အကြိုက်ကိုလည်း လိုက်ပြီး ကြိုးစားနေစရာ မလိုပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်သူဖြစ်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ပြသနိုင်ခြင်းကလည်း တစ်စုံတစ်ယောက်က ကိုယ့်ကို ယုံကြည်ကိုးစားစိတ် ပိုပြီး ၀င်သွားစေပါတယ်။
မှီခိုမှုကင်းပါစေ
ရယူမှကျေနပ်သူကို လူတွေက အတတ်နိုင်ဆုံး အဝေးက ရှောင်ကြပါတယ်။ အကူအညီ ယူပါများတဲ့အခါ မှီခိုလွန်းတဲ့အခါ တစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်လာစေပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး အမှီအခိုကင်းဖို့ ကြိုးစားပါ။ ဒါမှ ပတ်ဝန်းကျင်က ကိုယ့်ကို ပိုပြီး ယုံကြည်ကိုးစားစေပါတယ်။
သူ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေဖို့ ကြိုးစားပါ
ကိုယ်က သူငယ်ချင်းတွေအကြိုက် မိသားစုအကြိုက် ဖြစ်မယ်လို့ အာမမခံနိုင်ပါဘူး။ သူ့အကြိုက် မနှစ်သက်လို့လည်း ကိုယ့်ဘက်က ကြိုးစားနေဖို့ မလိုပါဘူး။ ဒါပေမဲ့ သူ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ကြိုးစားပါ။ သူ့ပတ်ဝန်းကျင်က ကိုယ့်ကို ချီးမွမ်းတဲ့ စကားလေးတွေက ကိုယ့်ကို ပိုပြီး အချစ်တိုးစေမှာ မဟုတ်ပါလား။
လျှို့ဝှက်ချက်
လျှို့ဝှက်တာ မကောင်းဘူးဆိုပေမယ့် တစ်ခါတစ်ရံ လျှို့ဝှက်ချက်လေးတွေက ချစ်စရာ ကောင်းနေပြန်ပါတယ်။ ကိုယ့်ကိုကိုယ် ဘယ်သူဆိုတာ ဖော်ထုတ်ပြသတာထက် ကိုယ်ဘယ်သူ၊ ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် ရှာဖွေတတ်ပါစေ။
ကိုယ့်ကို ဂုဏ်တက်ပါစေ
ကိုယ့်အောင်မြင်မှုကို သူနဲ့မျှဝေတတ်ပါစေ။ ကိုယ်ပျော်ရွှင်သလို သူလည်း ပျော်ရွှင်ပါစေ။ သူ့ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ပတ်သက်ပြီး ဂုဏ်ယူ ၀ံ့ကြွားနိုင်ခြင်းကလည်း ပိုပိုပြီး ချစ်မြတ်နိုးလာစေမယ့် နည်းလမ်းကောင်း မဟုတ်ပါလား။
သူလိုအပ်တဲ့အခါ
သူလိုအပ်တဲ့အခါ သူ့အနား အမြဲရှိနေပါစေ။ အမြဲရှိနေပါစေဆိုလို့ အသေးအမွှား ကိစ္စလေးတွေကို ပြောနေတာ မဟုတ်ပါဘူး။ သူဝမ်းနည်းနေချိန်၊ အားငယ်နေချိန်၊ စိတ်ပင်ပန်းနေချိန်၊ အကူအညီလိုနေချိန်မှာ အတတ်နိုင်ဆုံး သူ့အနားရှိနေပေးပါ။
Ref:Shape Entertainment Journal
Credit: TuePoe
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment