Thursday, March 3, 2016
"စိတ်ဓာတ်ကျတဲ့အခါ တွေးသင့်တဲ့ အတွေး (၅) ခု"
"စိတ်ဓာတ်ကျတဲ့အခါ တွေးသင့်တဲ့ အတွေး (၅) ခု"
အဆင်မပြေတဲ့ အခိုက်အတန့်ဆိုတာ အားလုံးမှာ ရှိဖူးကြမှာပါ။ အမြဲတမ်းတော့ အရာရာ အဆင်ပြေနေတယ်ဆိုတာမျိုး မရှိတဲ့အတွက် တစ်ခါတစ်ရံမှာ ငါ ကံဆိုးလေခြင်းဆိုတဲ့ စိတ်မျိုး ဝင်တက်ကြပါတယ်။ ဘယ်ဘဝ၊ ဘယ်လိုအခြေအနေမျိုးကို ပိုင်ဆိုင်ထားသည်ဖြစ်စေ အနည်းဆုံး တစ်ခါတော့ အရာရာ အဆင်မပြေဖြစ်ပြီး စိတ်ဓာတ် ကျဆင်းတက်ကြပါတယ်။
စိတ်ပျက်စရာတွေ များပြီး စိတ်ညစ်ရတဲ့အခါ ဒီအချက် (၅) ချက်ကို သတိရသင့်ပါတယ်။
၁။ ငါ့ကိုငါ ထိန်းချုပ်နိုင်တယ်ဆိုတာတွေးပါ
ပြောရလွယ်သလောက် လုပ်ဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးအချက်လည်း ဖြစ်ပါတယ်။ အသိစိတ်နဲ့ ထိန်းချုပ်မှုရှိဖို့ အရေးအကြီးဆုံးပါ။
၂။ ဒါဟာ ယာယီပဲ ဆိုတာတွေးပါ
ဥပမာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတစ်ခု၊ ပြဿနာတစ်ခုကို ပြန်တွေးကြည့်ပါ။ အခုချိန်မှာ ရယ်စရာ ဖြစ်နေပါလိမ့်မယ်။ အခုလဲ ဒီလိုပါပဲ။ ဒါဟာ ယာယီပဲဆိုတာ တွေးပါ။
၃။ နည်းပညာကို အသုံးပြုပါ
နည်းပညာကို ဘယ်နေရာဖြစ်ဖြစ် အသုံးချလို့ရပါတယ်။ အင်တာနက်ကို သုံးပါ။ စိတ်ညစ်စရာ ဘယ်လိုဖြေဖျောက်မလဲ၊ ပြဿနာတွေ ဘယ်လိုရင်ဆိုင်မလဲ ရှာဖွေကြည့်ပါ။ ဒါမှမဟုတ်လည်း ပျော်စရာတွေ ရှာကြည့်ပါ။
၎။ နာကျင်မှုဟာ ရင့်ကျက်စေတယ်
နာကျင်ခံစားရမှုဟာ သင့်ကို ပိုပြီး ရင့်ကျက်စေပါတယ်။ ဒါကြောင့် ဒီပြဿနာတွေဟာ သင့်ကို ပိုပြီး ရင့်ကျက်လာစေလိမ့်မယ်ဆိုတာ တွေးကြည့်ပါ။
၅။ ကိုယ့်ရဲ့အရည်အချင်းကို ပြရမယ့်အချိန်
ကိုယ့်မှာ ခွန်အားဘယ်လောက်ရှိကြောင်း ပြရမယ့်အချိန်လို့ တွေးလိုက်ပါ။ ဘယ်အချိန်ဖြစ်ဖြစ် ငါဟာ ကြံ့ခိုင်သူတစ်ယောက်ဆိုတာ တွေးလိုက်ပါ။
Source : JK
Credit: duwun
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment