Thursday, March 3, 2016
"၀ိတ်ကျလိုလျှင် မျက်လုံးမှိတ်ပြီး အစာစားပါ"
"၀ိတ်ကျလိုလျှင် မျက်လုံးမှိတ်ပြီး အစာစားပါ"
အမှောင်ထဲတွင် အစာစားခြင်း၊ မျက်လုံးကို အ၀တ်စီးပြီး အစာစားခြင်းကြောင့် ၀ိတ်ကျနိုင်ခြေ များကြောင်း လေ့လာမှုတစ်ခုအရ သိရှိခဲ့ရပြီ ဖြစ်သည်။
မျက်လုံးများ အ၀တ်ဖြင့်စီးပြီး စားခြင်းကြောင့် အစားအစာများကို ရှာဖွေရန် ခက်ခဲသွားသဖြင့် အစား နည်းသွားခြင်း ဖြစ်ကြောင်း ပြောကြပါလိမ့်မည်။ တစ်စိတ်တစ်ပိုင်း မှန်ပါသည်။ သို့သော် မျက်လုံးမှိတ်ပြီး အစာစားသူများသည် ၎င်းတို့ရှေ့ရှိ ပန်းကန်ထဲတွင် ထားရှိသည့် အစာများ၏ (၈၈) ရာခိုင်နှုန်းအထိကို စားပြီးပြီဟု ပိုပိုသာသာ ခန့်မှန်းမိသောကြောင့် ဖြစ်သည်။ ရှေ့ရှိ အစားအစာများကို မမြင်ရသောကြောင့် မျက်လုံးမှိတ်ပြီး အစာစားသူများသည် မမှိတ်ဘဲ စားသူများလောက် အစားစားခြင်းလည်း မရှိတော့ချေ။
အစားအစာကို မမြင်ရသောကြောင့် နည်းနည်းသာ စားမိသော်လည်း ၀နေပြီဟု ထင်မိတတ်ကြကြောင်း ဂျာမနီရှိ ကွန်စတန့်ဇ် တက္ကသိုလ်မှ စိတ်ပညာရှင် ပါမောက္ခ ဘရစ်တာ ရန်နာက ပြောဆိုခဲ့သည်။ ရန်နာ ဦးဆောင်သော ပညာရှင်များသည် ကွန်စတန့်ဇ် တက္ကသိုလ်မှ ကျောင်းသား (၉၀) ဦးတို့ကို လေ့လာခဲ့ခြင်းဖြစ်သည်။ ကျောင်းသားများကို ထက်ဝက်စီ ခွဲပြီး တချို့အား မျက်လုံးများကို အ၀တ်စီးပြီး အစာစားစေကာ ကျန်ကျောင်းသားများကို စားနေကျပုံစံအတိုင်း စားစေခဲ့သည်။
မျက်လုံးများကို အ၀တ်စီးပြီး အစာစားရသည့် ကျောင်းသားများသည် အ၀တ်မစီးဘဲ စားရသည့် ကျောင်းသားများလောက် အစားစားလေ့မရှိသလို စားသောက်ကုန်များကိုလည်း များစွာ ၀ယ်ယူလိုခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။ မျက်လုံးများကို အ၀တ်စီးထားသူများသည် မစီးထားသူများနှင့် နှိုင်းယှဉ်ပါက အစာစားမှု ကိုးရာခိုင်နှုန်း ပိုနည်းကြောင်း တွေ့ရှိခဲ့သည်။ ယခု တွေ့ရှိမှုအား အစားအစာ အရည်အသွေးနှင့် နှစ်သက်မှု ဂျာနယ်တွင် ဖော်ပြထားသည်။
လူလူငြိမ်း
Credit: messenger
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment