Sunday, March 6, 2016
"အချစ်ရယ် အဆင့်ရယ် တရားရယ်"
"အချစ်ရယ် အဆင့်ရယ် တရားရယ်"
ရူပါကချူချာ၊ တော်ကီကနုံချာ
ပညာမတတ်၊ ဥစ္စာငမွဲ
နေရာအရပ် ဇနပုတ်က
ငါလိုတောသား လူဆင်းရဲလည်း
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့
လူတွေထဲက လူတစ်ယောက်မို့
ချစ်တတ်ခင်တတ် ကြင်နာတတ်တယ်
နင်လို အလှပဂေး
ဥစ္စာပေါ၊ ရုပ်ချော
မြို့ကြီးသူ ပညာတတ်ကို
မတူကွာခြား အဆင့်တန်းကြောင့်
မချစ်ရတော့ဘူးတဲ့လား
နင်တို့ပြောတဲ့ မတူကွာခြားအဆင့်အတန်း
မည်သို့မည်ပုံ မည်သည့်ပေတံနှင့် တိုင်းတာမည်နည်း
နင်တို့ပြောတဲ့ အလှတရား လူတစ်ယောက် အဆင့်အတန်းလား
နင်တို့ပြောတဲ့ ချမ်းသာစည်းဇိမ်ကြောင့်ပဲ
တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ပြီတဲ့လား
ပညာတတ်တိုင်းကော အဆင့်တန်းရှိနေပြီတဲ့လား
သေလျှင် ပုတ်မည့် ဤခန္ဓာနှင့်
သေရင်ယူသွားမရတဲ့ ဒီဥစ္စာစည်းဇိမ်ကြောင့်
မာန်တက်နေလေရော့သလား
သံဝေဂတရား လက်ကိုင်ထားလို့
တရားထောက်ရှု၊ သတိမူလို့ ဂူမြင်ရအောင်
ငါလေအမုန်းခံကာ ပြောမည်
ငါလိုတောသား ဇနပုတ်က လူ့ငမွဲကို
မှန်တာပြောလို့ ရွာပြင်ထုတ်လည်း
မုန့်ဖက်ထုပ်စားပြီး
ငှက်ပျောတုန်း ဖက်ကာ အိပ်ပြလိုက်မယ်
Credit: Lwan Lay
Subscribe to:
Post Comments (Atom)
No comments:
Post a Comment