Saturday, March 5, 2016

"ချစ်သူ မရသေးရခြင်းရဲ့ အကြောင်းရင်း (၁၃)ချက်"


"ချစ်သူ မရသေးရခြင်းရဲ့ အကြောင်းရင်း (၁၃)ချက်"

ရည်းစားမရသေးတဲ့ သူတွေများ ရှိပါသလား။ တစ်ချို့ကလည်း မထားချင်လို့ မထားတာ နေပါလိမ့်မယ်။ ဒါပေမယ့် အကယ်၍ ထားချင်ရဲ့သားနဲ့ အခုထက်ထိ ရည်းစားမရသေးရင်တော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ မိမိကိုယ်ကိုပဲ အားကိုးတတ်ပြီး တစ်ယောက်ထဲဘဝကို ပိုမိုနှစ်သက်ခြင်း အချို့မိန်းကလေးတွေကတော့ လူကြိုက်များရဲ့သားနဲ့ ပြန်မကြိုက်တာပါ။ တစ်ယောက်ထဲ နေရာတာကိုပဲ ပိုမိုကြိုက်နှစ်သက်လေ့ ရှိပါတယ်။ မိမိကိုယ်ကို ပိုအားကိုးတတ်ကြပါတယ်။

၂။ စိတ်ကြီးဝင်ခြင်း
ကိုယ့်ကိုယ်ကို မင်းသမီးလေးလိုထင်ပြီး ကိုယ့်ခြေရင်းမှာ ကောင်လေးတစ်ယောက် ခခယယ အမှုလာထမ်းလေးမလား ထိုင်စောင့်နေတဲ့ သဘောပေါ့။ ကပ်လာတဲ့ ကောင်လေးတွေကိုလည်း ကိုယ်နဲ့ တန်တယ်မထင်တဲ့ သဘော။

၃။ ကျီစယ်နောက်ပြောင်တာ သန်လွန်းခြင်း ဒါကလည်း အကြောင်းတစ်ချက်ပါဘဲ။ ကျီစယ်နောက်ပြောင်တာ သန်လွန်းသူတွေဟာ အခြားသူတွေရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ သူတို့စိတ်ကြိုက် နောက်လိုက်ပြောင်လိုက်ရမှ ကျေနပ်ပါတယ်။ ဒီတော့ လန့်မယ့်သူကလည်း လန့်ထိုက်ပါတယ်။

၎။ ဂျီးထူလွန်းခြင်း
ချေးထူတယ်လို့ ရေးရမှာပါ။ ဒါပေမယ့် အဓိပ္ပါယ်က တစ်မျိုးကြီး ဖြစ်နေလို့။ ဂျီးထူတာကတော့ ကောင်လေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ မချောများ အဖြစ်များလေ့ ရှိပါတယ်။ ဟိုလူ့ကြိုက်ရကောင်းနိုး၊ ဟိုတစ်ယောက်ကျတော့ ဘာလိုအပ်ချက် ရှိတယ် စသဖြင့် အရွေးလွန်သွားသူပေါ့။

၅။ ရိုင်းစိုင်းခြင်း
ရိုင်းရင်လည်း ဘယ်သူမှ မကပ်ချင်ကြပါဘူး။ ဘာရိုင်းလို့လဲ ဆိုတာတော့ ကိုယ်ကိုယ်ကို ပြန်သုံးသပ်ရင် သိနိုင်ပါတယ်။

၆။ ရူးကြောင်ကြောင်နေလို့
ဘာကိုမှ အလေးမထားဘဲ ဘ၀ကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်ဆိုတဲ့ အမျိုးသမီးများ သတိချပ်ပေါ့။

၇။ ထိန်းသိန်းလွန်းခြင်း
ဘယ်နေရာမှာပဲဖြစ်ဖြစ် မျက်နှာတည်ကြီးနဲ့လုပ်ပြီး ဣနြေ္ဒကြီးနဲ့ နေတဲ့အခါ၊ ကပ်မဲ့ ကောင်လေးက မကပ်တော့ဘူးပေါ့။

၈။ ရန်လိုခြင်း
ဘယ်ကိစ္စပဲဖြစ်ဖြစ် မိန်းကလေးတန်မဲ့ ချမယ် နှပ်ပစ်မယ် ဆွဲစွိပစ်လိုက် ဆိုတဲ့ အတွေးနဲ့ ရပ်ကွက်ထဲပတ်ပြီး ရန်ဖြစ်နေတဲ့ အမျိုးသမီးမျိုးကိုလည်း ယောက်ျားလေးတွေက ဘယ်ကပ်မလဲဗျာ။

၉။ အယူသက်သက်သာဖြစ်ခြင်း
အပေးအယူ မျှတရမယ်။ ကိုယ်က အယူသက်သက်ပဲ။ သူဘက်ကို ဘာပြန်ပေးရမလဲဆိုတာ ကိုယ်က မစဉ်းစားတာတို့၊ မသိကျိုးကျွန်ပြုတာတို့ လုပ်ပါများလာရင် လူတွေက ချဉ်မှာပဲလေ။

၁၀။ အိမ်တွင်းပုန်းဖြစ်ခြင်း
အိမ်တွင်းပုန်းဆိုမှတော့ ယောက်ျားတွေရဲ့ အတွေ့အမြင်ကလည်း သင့်ကို ရှားတောင့်ရှားခဲ ဖြစ်နေမှာပါ။ ယောက်ျား တစ်ယောက်ရဲ့ အချစ်ကို ရဖို့ အဲဒီယောက်ျားနဲ့ နီးစပ်မှုမရှိဘဲ မရနိုင်ပါဘူး။

၁၁။ ဥစ္စာပစ္စည်းကို အဓိကထားခြင်း
ဒါကလည်း မိန်းကလေးတွေမှာ ရှိတတ်တဲ့ အချက်ပါဘဲ။ အချစ်တစ်ခုကို ဈေးတွက် တွက်ပြီး ဘယ်သူက အများဆုံး ပေးနိုင်မလဲ စောင့်နေတာမျိုးပေါ့။ ရတာမလို လိုတာမရ ဖြစ်တတ်ပါတယ်။

၁၂။ စိမ်းကားရက်စက်ခြင်း
ကောင်လေးတွေနဲ့ ဆက်ဆံတဲ့အခါ အလိုလိုနေရင်း စိမ်းကားလိုစိတ်တွေ၊ ချစ်ကြောင်း ကြိုက်ကြောင်း ပြောတဲ့ ကောင်လေးတွေကို စိမ်းစိမ်းကားကား ဆက်ဆံတဲ့နေရာမှာ နာမည်ကြီးတယ်ဆိုရင်လည်း သင့်ကို ကပ်မယ့်ကောင်လေး ရှားပါးတတ်ပါတယ်။

၁၃။ အရမ်းထက်မြက်လွန်းခြင်း
အရမ်းထက်မြတ်လွန်းတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက ရှိန်တတ်ကြပါတယ်။ တော်ရုံတန်ရုံလည်း မကပ်ရဲကြပါဘူး။ ဒီလိုနဲ့ပဲ ထက်မြတ်တဲ့မမတွေလည်း အပျိုကြီးတွေဖြစ်ဖို့ ပိုပြီး အလားအလာ များလာရပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

No comments:

Post a Comment